Chapter-27

1.5K 113 13
                                    

အ​ခြေအ​နေကအရာအားလုံးတည်ငြိမ်သွားပြီဟုဆိုရမည်။သူ့အစ်ကို​တော် သုတ်သင်လိုက်တဲ့ချန်အိမ်​ရှေ့စံကိုအဓိကထားပြီးတိုက်ခိုက်လာသည့်ချန်တပ်​တွေက ​ရှောင်းအိမ်​ရှေ့စံရဲ့လက်​အောက်မှာကျရှုံးကုန်ကြသည်။

​​ထိခိုက်ထားသည့်ဒဏ်ရာ​တွေကိုပြန်လည်ကုစားပြီး​တဲ့​နောက်မှာ ​​ရှောင်းကျန့်​လေးလည်း​နေပြန်​ကောင်းလာခဲ့ပြီ။
စစ်သူကြီးဝမ်ကလည်း စစ်ဒဏ်​ကြောင့်ယိုယွင်းသွားတဲ့သူတို့တပ်ကို စစ်သား​တွေစု​ဆောင်းရင်း ပြန်လည်ပျိုး​ထောင်လာတာ​ကြောင့်တပ်ရင်းကပြန်လည်အင်အားပြည့်လာသည်။

​နွေဦးကညင်သာတဲ့​လေ​ပြေ​လေညင်းကို​ခေါ်ဆောင်လာပြီး ​ရှောင်းဧကရာဇ်ရဲ့နန်း​ဆောင်နားက ဆည်းလည်းပင်ကြီးကိုအရွက်​တွေထိခတ်သွား​စေသည့်အထိတိုး​​ဝှေ့တိုက်ခတ်သည်။​လေ​ပြေ​ဝှေ့တစ်ချက််မှာထိခတ်တွယ်ညိသွားတဲ့အရွက်​တွေဆီက​လေတိုးသံ​လေး​တွေ​တောင်ထွက်​ပေါ်လာ​စေသည်။

ထို​လေ​ပြေညှင်း​လေးဟာဆည်းလည်း​ပင်ကို​​ပွေ့ဖက်နှုတ်ဆတ်ပြီး​နောက် ​ရှောင်းဧကရာဇ်ရဲ့နန်း​ဆောင်ထဲကို အလည်ပတ်​ရောက်ရှိလာပြီး ခန့်ခန့်ထည်ထည်ချိတ်ဆွဲထားသည့် ကန့်လန့်ကာကြီး​တွေကို ထပ်မံတိုး​ဝှေ့၏။

​လေ​ပြေတစ်ချက်အ​ဝှေ့မှာ ​ရှောင်းဧကရာဇ်ရဲ့ခပ်ရှရှအသံကထွက်​ပေါ်လာ၏။

"စစ်သူကြီးဝမ် ရှင်ဘုရင်တစ်ပါးဟာ
သူ့မိန့်ပြီးသားအမိန့်တစ်ခုကို ပြန်လည်​ပြောင်းလဲတယ်လို့​မောင်မင်းကြားဖူးလို့လား"

စစ်သူကြီးဝမ်ဟာ ​ရှောင်းဧကရာဇ်​ရှေ့ဒူး​ထောက်ထိုင်​နေသည်။​ခေါင်းကိုပါငုံ့ချကာသူ​တောင်း​ဆို​နေသည်ကတစ်ခုတည်း။
​ရှောင်းမင်းသား​လေးကို သူ့လက်ထဲထည့်​ပေးရန် အရှင်ထံ​လျှောက်ထား​နေခြင်း။

အရှင်က မိန့်ပြီးသားအမိန့်ကို ပြန်မ​ပြောင်းဘူးလို့ယတိပြတ်​ပြောဆိုလိုက်သည့်အခါ စစ်သူကြီးရဲ့အံကြိတ်မှာ​ကြောင့် လည်ပင်း​မေးရိုး​တွေကထင်းခနဲ​ပေါ်လာသည်။

သူ​ရှောင်းကို သူ့ရင်ခွင်ထဲမှာ မ​တောင့်မတမ​ကြောင့်မကျထားပါမည့်ဟုဆိုတာ​တောင်​ခေါင်းမာသည့်အရှင်က ခွင့်မပြုခဲ့။
သူဒူး​ထောက်လို့​တောင်းဆိုတာ​တောင်အရှင်ဟာဥ​ပေက္ခာပြုဆဲ။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now