အပိုင်း - ၂

244 15 0
                                    

" ထည့်စားလေ သမီး..ဘာမှအားမနာနဲ့ "

နွေပျိုမဒီ ခေါင်းသာငြိမ့်ပြလိုက်ပြီး စားလက်စထမင်းကို ဆက်စားနေလိုက်သည်။ သေချာပေါက် သူ့ကို၀ါးစားမတက်စိုက်ကြည့်နေတဲ့ မျက်၀န်းတစ်စုံကို ရှောင်ရင်းပေါ့။ သူနဲ့ဟိုတစ်နေ့က ရန်ဖြစ်ခဲ့သူမှာ ကောင်လေးမဟုတ်ပဲ ကောင်မလေးဖြစ်နေ၏။

ပြီးတော့ သူက အမေတို့ပြောတဲ့ ညီမဖြစ်သူ။ စစချင်းတော့ အံ့သြသွားရပေမဲ့ သေချာကြည့်မှ ပန်းမြတ်ချယ် ဆိုတဲ့ သကောင့်သား...အာ!! မိန်းကလေးက ယောက်ျားလေးချော,ချောနေသောကြောင့် အထင်မှားခဲ့မှန်းသိခဲ့ရသည်။

နောက်တစ်ယောက်။ အစ်ကိုဖြစ်သူ။ ကိုလေညိုဆိုသည့်သူမှာတော့ ရောက်ကထဲက ပေါ်တင်ဆိုသလိုရော ခိုးကြောင်ခိုး၀ှက်ပါ သူ့ကိုစိုက်ကြည့်နေခဲ့သည်။

ဥပဒိရုပ်ခန့်ညားတဲ့ ယောက်ျားသားတစ်ဦးက သူ့ကို ဒီလိုစိုက်ကြည့်နေသည်ဆိုတော့လဲ သူမနေတတ်။ ရှက်သလိုလိုပဲလား ဖြစ်မိသည်။
ထို့ကြောင့် ထမင်းကိုသာငုံ့စားနေမိသည်။

နွေပျိုမဒီ သတိမထားမိခဲ့သည့် သူတစ်ဦးလဲ ရှိနေသေး၏။ သတိမထားမိတာလား တမင်ပဲသတိမထားခဲ့တာလားတော့ သူပဲသိမည်။

ထမင်းစားပြီးတော့ ဧည့်ခန်းထဲတွင် အချိုပွဲစားရင်း စကားစမြည်များပြောဖြစ်ကြသည်။
လူကြီးတွေအချင်းချင်းသာ ပြောနေကြပေမဲ့ အကြောင်းကတော့ ကလေးတွေ အကြောင်းသာ။

" နွေပျိုမဒီ ဆိုရင်လေ အသက်သာ ၂၆ထဲ၀င်နေတာ အခုထိ အလုပ်လက်မဲ့ပါပဲရှင် "

အမေကတော့ ချီးမွမ်းခံဖောက်နေပြန်သည်။

" ဘာထူးလဲဗျာ..ကိုး ဆိုရင်လဲ သူ့အကိုလိုဆရာ၀န်လိုင်း၀င်လို့ရရဲ့သားနဲ့ ၀င်ပါဆိုတာကို မ၀င်ပဲ ပေတေနေလေရဲ့...သားသမီးတွေများ မိဘစကားဆို အလေးကိုမထားတာပါ "

ပန်းမြတ်ချယ် ကိုကြည့်တော့ မျက်နှာညိုးငယ်နေပြီး သူ့ရှေ့က ကော်ဖီခွက်ကိုသာ စိုက်ကြည့်နေသည်။

သူကြည့်နေသည်ကို ခံစားမိ၍လားမသိ ကော်ဖီခွက်ကို ပို့ထားတဲ့ မျက်၀န်းအစုံက သူ့ဆီရောက်လာသည်။ သူနဲ့မျက်လုံးချင်စုံတော့ ပန်းမြတ်ချယ် ကပြုံးပြလာသည်။ ထူးထူးဆန်းဆန်း
သူ့ဘယ်ဘက်ရင်အုံဟာ နွေသွားသလို။ အို...ဘယ်လိုကြီးတုန်း။ ကော်ဖီအပူကြောင့်နေမှာပါ။ ကော်ဖီအပူကြောင့် မိပျို ကော်ဖီကြောင့်။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now