အပိုင်း - ၆

471 28 0
                                    

" အလှူရှင်နေရာမှာ ဘယ်လိုရေးရမလဲ သမီးလေး "

ဘုရား၀တ်ပြုပြီးလို့ အမေ့အတွက်ကုသိုလ်ကောင်းမှုလုပ်ကာ ရင်ပြင်ပေါ်ရှိ မဏ္ဍပ်တစ်ခုတွင် အလှူငွေထည့်ဖြစ်သည်။

" မနွေပျိုမဒီနှင့် မပန်းမြတ်ချယ်လို့ ရေးပေးပါ အဘ "

ထို့နောက်တော့ အရိပ်တစ်နေရာကနေ စောင့်နေတဲ့ မမဆီကို အပြေးသွားလိုက်သည်။ မမကသူပြေးလာတာကိုမြင်တော့ ထိုင်နေရာကနေထ၏။

သူရှိရာဆီကို ပြေးလာသည့်ကိုးဟာ ဒီနေ့ မြန်မာ၀မ်းဆက်လေးဖြင့် တစ်မျိုးဆွဲဆောင်နေသလို။

" သွားကြတော့မလား ကိုး...နေအတော်ပူနေပြီ "

" ဟုတ်...သွားမယ်လေ "

" ဒေါ်သင်းမြတ်နွယ်အား ရည်စူး၍ မနွေပျိုမဒီနှင့် မပန်းမြတ်ချယ်တို့မှ အလှူတော်ငွေ ၂သောင်းကျပ် ကပ်လှူသွားပါသည် "

" ဟင်!! "

မမကကိုးကိုမျက်လုံး အပြူးသားနဲ့ လှည့်ကြည့်လာသည်။

" မမနွေကကိုးနဲ့အဖော်လိုက်လာပေးတဲ့သူပဲ အလှူရှင်နေရာမှာလဲ ကိုးတစ်ယောက်ထဲရဲ့ နာမည်ပဲရှိမနေစေချင်ပါဘူး...ဘာမှပွစိပွစိမပြောနဲ့တော့ လာ...ပြန်မယ် "

မမကိုကြည့်ရတာ အတော်ပူနေပုံရသောကြောင့် ကားထဲအမြန်ဆွဲခေါ်လိုက်သည်။ ကားပေါ်ရောက်တော့လဲ အဲကွန်းကိုချက်ချင်းဖွင့်လို့မရပါ။ ကားမှန်ကိုသာ ဖွင့်ထားပေးဖြစ်သည်။ ဒါကို မမက မဖွင့်ပေးရကောင်းလား၊ အဲ့လောက်တောင် ကပ်စီးနည်းလား ဆိုပြီး စူပုတ်ပုတ်နဲ့ ကားမှန်ဘက်လှည့်နေလေရဲ့။
ဒီအစ်မကြီးက သူ့ကိုစိတ်ပူလို့ ဖွင့်မပေးတာကို အသက်ကြီးပြီး နားမလည်ဘူး။ ချစ်စရာလေးပါကွာ။

အိမ်ပြန်ရောက်ချိန်မှာလဲ ကားပေါ်ကနေ ဒုန်းဆိုင်းဆင်းသွားပြန်သေးတယ်။

" ဟယ် အဲ့လောက်ကြီး စိတ်ကောက်စရာလိုသလား ဟားဟား "

" ဘာရီတာလဲ ကိုယ့်ဘာသာကောက်ချင်သလောက်ကောက်မယ် ရှင့်အပူမပါဘူး...ဘေးဖယ်!! "

၀င်သွားပြီးမှ ပြန်ထွက်လာကာ ဘောက်ဆက်ဆက်ပြောလာသည်။ လူကိုလဲ တွန်းဖယ်သွားပြီး ကားထဲကတစ်ခုခုယူနေရဲ့။ အော် ဖုန်းမေ့ကျန်ခဲ့တာပဲ။

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now