အပိုင်း - ၁၀

164 14 0
                                    

အိမ်ထဲကမထွက်ခင် မမကို ရေပထမဦးဆုံး လောင်းလိုက်ရသဖြင့် သူ့မှာဂုဏ်ယူလို့ကိုမဆုံးတော့ပေ။

" မြန်မြန်လာပါဟ "

ကားပေါ်ကိုတက်မဲ့အရေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ မ၀သေးတဲ့ သူ့တို့နှစ်ယောက်ကို ဇ၀ါက လှမ်းအော်သည်။ အဲ့တာ
သူမနာလိုနေတာရယ်...ဟွန်း။

" အရင်ဆုံး ဟိုဘက်လမ်းထဲမှာ စတုဒီသာ ရှိတယ်တဲ့ အဲ့ကိုဒိုးမယ်ကွာ...ပြီးရင် ရပ်ကွက်ချောင်ကြိုချောင်ကြားတွေကနေ မြို့ထဲမဏ္ဍပ်တွေဘက် လစ်ကြတာပေါ့...အိုကေ?? "

ကိုကိုကအရင်နေ့တွေကထက် တက်ကြွနေခဲ့သည်...တမင်ပဲ တက်ကြွအောင်နေ,နေတာလား ဘာလားဆိုတာကိုတော့ ကိုကိုသာလျှင်အသိဆုံး...။

ကိုကိုပျော်နေတာပဲ ကိုးမြင်ချင်တာပါ...။

အ​စီအစဥ်အတိုင်း ဟိုဘက်လမ်းထဲမှာ မုန့်ဟင်းခါး၀င်စားကြပြီး မြို့ထဲကိုထွက်လာခဲ့ကြ၏။
မနှစ်က ၂၀၁၇ သင်္ကြန်ထက် ဒီနှစ်မှာတော့ ပို၍စည်ကားနေသည်။ အကြိုနေဆိုပေမဲ့ ကားတွေမှာ ပေါလောနေ၏။ သီချင်းသံတွေကြားတော့လဲ ပါလာတဲ့လူတွေအားလုံး မမပါမကျန် ကခုန်နေကြသည်။ သူကတော့ မမကိုကာကွယ်ပေးရတဲ့ တာ၀န်ကြီးယူထားပြီး မကအားပေ။

တစ်နေရာတုန်းက ကောင်လေးတစ်ယောက်ကနေ မမကိုရေပုံးနဲ့ ခေါင်းပေါ်ကနေ လောင်းချတော့ သူနဲ့ရန်ဖြစ်မလိုတောင် ဖြစ်လိုက်သေးသည်။ အကုန်က ၀ိုင်းတားလို့သာ ပြဿနာက ကြီးမသွားရခြင်း...အဲ့ကထဲက မမနားကနေ မော်တော်ပီကယ်လုပ်ကာ တောင်ကြည့်မြောက်ကြည့်ဖြင့်သာ။

" ကိုးရာ နင်ပိုကိုပိုလွန်းတယ်..."

" ဟုတ်တယ်လေ ကိုးရယ် ပျော်ပျော်နေစမ်းပါ သင်္ကြန်ပဲ ရေလောင်းတာ ဘာဆန်းလဲ...လောင်းပါစေပေါ့ "

အမြင်ကတ်ကတ်နဲ့ အကုန်လုံးကပြောလာကြသော်လဲ သူကတော့ နားမထောင်နိုင်ပေ...မမပြောတာကိုတောင်မှပေါ့...။

" သူတို့က မမကိုရေလောင်းတာဆိုပေမဲ့...ကိုးရင်ထဲကို ရေနွေးပူနဲ့ လောင်းလိုက်သလိုပဲ မမရဲ့...မဖြစ်ပါဘူး နောက်နေ့တွေကျမမနဲ့ကိုး နေခဲ့ကြရအောင် မဟုတ်လဲ မမနဖူးမှာ စာရေးသွားရမယ် "

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now