အပိုင်း - ၁၃

389 19 0
                                    

ရာသီဥတုက မနေ့ကထက်တော့ အပူသက်သာနေသည်...ညနေပိုင်းမှာ မိုးလေးအုံ့နေတော့ ပိုပြီးနေသာထိုင်သာ ရှိနေ၏...

မမကတော့ သူ့ရင်ခွင်ထဲမှာ စာအုပ်လေးဖတ်ပြီး ဇိမ်ကျနေရဲ့...ဒီကြောင်ပေါက်လေးက ဒီလောက်လူသိပ်ကပ်မှန်း တကယ်ကိုထင်မထားတာပါ...။

ဒယ်ဒီပါးပါးရဲ့အကူအညီနဲ့ရော၊ သူ့ရဲ့အရည်အချင်းကြောင့်ပါ Company တစ်ခုမှာ ရာထူးတစ်ခုရခဲ့သည်...အခုဆို အလုပ်၀င်တာ ၂ပတ်လောက်ရှိပြီဖြစ်၏။ ကိုယ်၀ါသနာမပါတဲ့အလုပ်ဖြစ်တာရော၊ အဲ့လောက်ခေါင်းခြောက်မခံနိုင်တာရောကြောင့် အများကြီးပင်ပန်းရသော်လဲ မမနဲ့သူ့ရဲ့ လှပတဲ့အနာဂတ်အတွက်လို့တွေးလိုက်ရင်ကို အလိုလိုကိုအားတွေတက်လာရသည်...ပင်ပန်းတော့ရော ဘာဖြစ်တုန်း ဘေးနားမှာဒီလောက်ချစ်စရာကောင်းတဲ့ လက်တွဲဖော်လေးတစ်ယောက်ရှိနေတာပဲဟာ...။

မနက်ဆိုအလုပ်မသွားခင် မနက်စာအတူစားဖြစ်တယ်၊ နေ့လည်ဆိုလဲ မမက မာမီမားမားထည့်ပေးလိုက်တဲ့ ထမင်းချိုင့်လေးကို ဆွဲပြီးရောက်လာမြဲ၊ ညဘက်ပြန်လာချိန်မှာတော့ မမတို့မိသားစုနဲ့ပဲ အတူစားဖြစ်တယ် မိသားစုထမင်း၀ိုင်းဆိုတဲ့ အရသာကြီးကို ပျော်ပျော်ကြီးခံစားနေရတာပေါ့...။

" မနက်ဖြန် ဘုရားသွားရအောင် မမ "

" ကိုးအားလို့လား...အလုပ်ပိတ်မှပဲ သွားရအောင်ပါကွယ် "

မမကသူ့မွေးနေ့ဆိုတာကို မေ့နေသည့်အလား စာအုပ်ကို အကြည့်မပျက်ပဲပြောလာသည်။
မမရဲ့ ဆံပင်တွေကို ဆော့ကစားနေတာ ရပ်လိုက်ပြီး...။

" မနက်ဖြန် ဟောဒီက ကိုးရဲ့မဟေသီလေး မွေးနေ့လေ မသွားမဖြစ်သွားရမှာပေါ့...ကိုးက ခွင့်တောင်တင်ခဲ့ပြီ သွားရမှာပဲ...ဘုရားကပြန်လာရင် မမစားချင်တာလိုက်ကျွေးမယ် "

" ရှင်ကကျွန်မကို မတိုင်ပင်ပဲနဲ့တောင် ခွင့်တင်ခဲ့တာပေါ့လေ "

စာအုပ်ကိုပိတ်ချလိုက်ပြီး မျက်စောင်းဆွေကာကြည့်လာသည့် မမကိုအသည်းယားလွန်းလို့ ဖက်နမ်းလိုက်ရရင်တော့ အဆူခံနေရဦးမယ်...။

" ဘာလို့ လက်ကိုကိုက်နေရတာလဲ "

ကိုယ့်လက်ကိုယ် ပြန်ကိုက်နေတဲ့ကိုးကြောင့် လက်ကိုအမြန်ဆွဲကာ မေးလိုက်သည်...။

ဟိုဘက်အိမ်က ကျွန်မရည်းစားحيث تعيش القصص. اكتشف الآن