အပိုင်း - ၁၅

434 22 0
                                    

ကားပေါ်တွင် ကိုးကသူ့ကို အကြောင်းစုံပြောပြခဲ့တယ်...ကိုယ့်ကိုမရွယ်ချယ်ခဲ့တဲ့အတွက် နာကျင်ရပေမဲ့ တစ်ဘက်ကလဲ ကိုကိုရဲ့အမေဖြစ်နေတာဆိုတော့ နားလည်နိုင်ပါရဲ့...။

မမနွေတို့ ခြံရှေ့ရောက်တော့ ကိုးကသူ့ကိုနေခိုင်းခဲ့ကာ မမနွေဆီအကျိုးအကြောင်းပြောမည် ဆိုပြီး အိမ်ထဲ၀င်သွားသည်...ကားကိုတော့ ခြံထဲထိမထိုးပဲ ခြံရှေ့ကသစ်ပင်အောက်လေးမှာပဲ ရပ်ထားခဲ့တာ...ကိုးကတော့ ဘာရယ်မဟုတ် ဒီတိုင်းရပ်လိုက်တာပေါ့...သူကတော့ ကိုးတို့ခြံဘက် ကိုကို့ကားလေး၀င်သွားတာ မြင်လိုက်ရပြိီး သိက္ခာတောင်မဆည်နိုင် အပြေးသွားနေမိတယ်...။

ခြံတံခါးက မပိတ်ထားသဖြင့် အတင်းတွန်းဖွင့်ကာ အိမ်ထဲ၀င်တော့မဲ့ ကိုကို့ဆီသို့ သုတ်ခြေတင်ပြေးရပြန်ပြီ...မတတ်နိုင်ဘူး သူဟာဘယ်လောက်ပဲ ကိုယ့်အပေါ်ရက်စက်တဲ့သူဖြစ်ပါစေ၊ ကိုယ့်ကိုမရွေးချယ်ခဲ့ပါစေ ချစ်ခဲ့ကြတာကို ထောက်ထားပြီး မာနတွေကို ဇ၀ါ့ခြေလှမ်းတွေနောက်မှာ နေစေခဲ့လိုက်ပြီ။ မဟုတ်ရင် ဝေးရကြရလိမ့်မယ် ကိုကိုရယ်...ဇ၀ါရူးမှာ။

" ကိုကို!! "

သူ့ကိုလှည့်ကြည့်လာတဲ့ ကိုကို့ရဲ့စူးရှတဲ့ မျက်၀န်းတွေဟာ ခက်ထန်နေခဲ့တယ်...။
ဒါတွေကို မမူနိုင်တော့ပဲ ကိုကို့ရဲ့လက်လေးကို ဆုပ်ကိုင်မယ်လုပ်တော့ ကိုကိုဟာရှောင်ဖယ်သွားပြီး သူ့လက်တွေ လေထဲမှာပဲ ရပ်တန့်သွားရသည်။

" ဘာလို့လဲ ကိုကို "

" ဒီလောက်ဆို မင်းသဘောပေါက်မယ် ထင်ခဲ့တာ ဇ၀ါ...ငါထင်ထားတာထက်..မင်းကတုံးအနေတာပဲ "

" ဒီလိုတွေ မပြောပါနဲ့ကိိုကိုရယ် ဒါတွေက ကိုကို့စိတ်ထဲကမပါပဲ ပြောနေတာမလားဟင်...ကိုကို့အမေကြောင့်ဆိုရင်လဲ ရပါတယ်...ဇ၀ါတို့ ကိုကို့အမေလက်ခံနိုင်တဲ့အထိ အတူကြိုးစားကြမယ်လေ၊ တစ်ယောက်လက် တစ်ယောက် မြဲမြဲဆုပ်ကိုင်ပြီး ကြုံလာတဲ့ ပြဿနာတွေကို အတူရင်ဆိုင်မယ်ဆို...ဇ၀ါ့မှာကိုကိုမရှိလို့ မဖြစ်ဘူး ကိုကိုရဲ့...ဇ၀ါရူးမှာ...ကျေးဇူးပြုပြီး သေသေချာချာဆုံးဖြတ်ပေးပါနော်...နော် ကိုကို "

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now