အပိုင်း - ၁၄

389 21 0
                                    

" ကိုကိုမလိုက်တော့ဘူးနော် "

လေညိုရဲ့စကားသံအဆုံးမှာ အဖေ့ရဲ့ခနဲ့သလိုရယ်သံထွက်ပေါ်လာပြီး ကိုးရဲ့စိတ်တွေ ဟိုးအောက်ဆုံးကို ကျသွားသည်။ မျက်လုံးတွေနီရဲကာ သူနဲ့မျက်နှာချင်းမဆိုင်ပဲ ခေါင်းငုံ့နေသည့် ကိုကို့ကိုလက်မောင်းကနေ ဆွဲခါလိုက်ပြီး...။

" ဇ၀ါကရော...ဇ၀ါအတွက်ကရောလို့ ဟမ် ကိုကိုရဲ့...ဖြေပါဦး ကိုးသူငယ်ချင်းဘက်ကိုရော မစာနာတော့ဘူးလား သူက ကိုကို့ကိုသိပ်ချစ်ရှာတာ...ကိုကို့အတွက်ဆိုရင် အရာရာကိုကျောခိုင်းဖို့လဲ အသင့်ရှိနေခဲ့တာ...ကိုကိုကတော့...သတ္တိလေးနည်းနည်းတောင်မရှိတဲ့ သူရဲဘောကြောင်တဲ့လူပဲ...ဒိီလိုလူမျိုးကိုမှ ကိုးသူငယ်ချင်းက နှစ်နှစ်ကာကာချစ်မိရတယ်လို့ မတန်လိုက်တာ..."

ပြောချင်ရာတို့ကို စိတ်ရှိလက်ရှိပြောပစ်ကာ အိမ်ထဲကနေ ထွက်လာခဲ့ပြီး မမရှိရာသွားနေသည့် ခြေလှမ်းတွေသည် ပြတ်သားလွန်းသည်။ အရာရာကိုကျောခိုင်းခဲ့ရပေမဲ့လို့ ရှေ့မှာမမရှိနေတယ်ဆိုတဲ့ အသိနဲ့ လုံခြုံရသည်...။

အိမ်ထဲကိုရောက်တော့ အကုန်လုံးက ဧည့်ခန်းထဲတွင် ဇာတ်ကားကြည့်နေသည်ကိုတွေ့တော့ မမအနားပြေးသွားကာ မမရင်ခွင်ထဲ၀င်ပြီး အသည်းအသန်ငိုမိသည်...ထိန်းထားခဲ့ရတာ...အဲ့ဒီနေရာမှာ မငိုမိအောင်...ပျော့ညံ့တဲ့လူတစ်ယောက်လို့ အထင်မခံရအောင် ထိန်းထားခဲ့တာ...။

" ဇ၀ါ..ဇ၀ါ့ကိုဘယ်လိုလုပ်မလဲ ဇ၀ါ့ကို..ဟင့် ဘယ်လိုလုပ်မလဲ မမရယ် "

" ကိုး..ကိုး ဘာဖြစ်လာတာလဲ ဘာလို့ငိုနေတာလဲ ဇ၀ါကရောဘာဖြစ်လို့လဲ မမကိုပြောဦးလေ...စိတ်ပူအောင်မလုပ်ပါနဲ့ ကိုးရယ်...မမကိုပြောပါဦး "

" ဟုတ်တယ် သမီးရဲ့ ဘာဖြစ်တာလဲ ပြောမှဒယ်ဒီတို့က ကူညီလို့ရမှာပေါ့ "

မမတို့က၀ိုင်းချော့နေကြသော်လဲ သူတော်တော်နဲ့ အငိုမတိတ်နိုင်...ရင်နာရလွန်းလို့ပါ အဖေတစ်ယောက်ဖြစ်ပါရဲ့နဲ့ ကိုယ့်သမီးပျိုလေးတစ်ယောက်ကို ဒီလောက် ပစ်ပစ်ခါခါနှင်ချနိုင်တာ ရင်နာရလွန်းလို့ ငိုမိရုံပဲ...။ အဲ့အိမ်ကလူတွေအကုန်လုံးကို စိတ်နာလိုက်တာ ဇ၀ါ့ကို ဘယ်လိုမျက်နှာပြရတော့မလဲ...။

ဟိုဘက်အိမ်က ကျွန်မရည်းစားМесто, где живут истории. Откройте их для себя