အပိုင်း - ၇

451 26 0
                                    

" အာ ဗိုက်ကိုတင်းနေတာပဲ...လှုပ်တောင်မလှုပ်ချင်တော့ဘူး "

စားသောက်ပြီးလို့ အိမ်အပြန်လမ်းရှိ ရေခဲမုန့်ဆိုင်ကို ၀င်ဖြစ်သေးသည်။ နေတောင်၀င်တော့မည်ဖြစ်၏...သူနဲ့မမကတော့ လည်လို့ကောင်းတုန်း။

ကလေးလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါး ဘာပူပန်မှုမှမရှိပဲ မမဟာရေခဲမုန့်စားနေခဲ့တယ်။ ဒီလိုမိန်းကလေးကို တစ်ပါးသူလက်ထဲထည့်ပေးရရင်တော့ ကိုးတကယ်ရူးမှာ။ ဝေးရမဲ့အရေးကိုမတွေးချင်ဘူး လက်ရှိမှာ မမကိုသူ့အပိုင်လေး ဖြစ်ဖို့ ကြိုးစားရမယ်။ ရုန်းထွက်လို့မရအောင် မေတ္တာကြိုးလေးနဲ့ပဲ ချည်နှောင်ပါ့မယ် မမရယ်။

" လူကိုဘာကြည့်နေတာလဲ မမြင်ဖူးဘူးလား "

" မဟုတ်ဘူး...ချစ်စရာကောင်းလို့ "

ပါးလေးတွေရဲတက်သွားတဲ့ မမကိုမြင်တော့ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်ထွန်းလင်းလာခဲ့ရသည်။ အချိုဓာတ်တွေတော့ လွန်ကဲနေရပါပြီ ရေခဲမုန့်ကြောင့်တော့ မဖြစ်နိုင်။
လိမ္မော်ရောင်ကောင်းကင်ကြီးအောက်မှာ မျက်နှာလေးနိီရဲကာ ရှက်စိတ်ပိုနေတဲ့ကောင်မလေးတစ်ယောက်နဲ့ အပျော်ကြီးပျော်နေတဲ့ ကောင်မလေးတစ်ယောက်တို့ဟာ ရခုန်သံချင်း ထပ်တူကျနေသည်။

" မမ..."

မမကဘာမှပြန်မပြောလာပဲ သူပြောလာမည့်စကားတို့ကို စောင့်နေသည်။ ရုတ်တရပ်ပါပဲ အာခေါင်တွေခြောက်ကပ်လာသဖြင့် တံတွေးကို မနည်းမျိုချနေရတယ်။ နှုတ်ခမ်းသားတို့ဆိုသည်မှာလဲ အရေးကြီးသည့်အချိန်ဆိုရင် ကတုန်ကယင်ဖြင့်။

ဖွင့်ပြောမလို့ပါ...သူဖွင့်ပြောတော့မယ် ဒီထက်အချိန်တွေဆွဲထားရင် သူ့ရဲ့မေတ္တာတွေကို မမ မမြင်နိုင်ပဲ နေလိမ့်မယ်။
ရှိသမျှဘုရားအကုန်တလိုက်ပြီး သူပြောလာမည်တို့ကို စောင့်နေတဲ့မမကို အလေးအနက်ပဲ စိုက်ကြည့်လိုက်သည်။
ကိုးကတော့ အတန်သင့်လှမ်းလာနေပြီ မမ နောက်ထပ်ခြေတစ်လှမ်းစာကိုတော့ မမဘက်ကပဲ လှမ်းလာစေချင်တယ်။

" အခုကိုးပြောမှာတွေကို ဆုံးအောင်နားထောင်ပေးစေချင်တယ်...ကိုး..ကိုး မမကိုချစ်တယ်...မမက ကိုးကိုပျော်ရွှင်မှုတွေပဲ ပေးပေး၊ နာကျင်မှုတွေပဲပေးပေးဗျာ ချစ်မြဲချစ်နေမှာ ကိုးနှလုံးသားက ပြောလေ့ရှိတယ် သိလား...မမ မှ မမပဲတဲ့ ကိုးကလဲ နှလုံးသားရဲ့အလိုဆန္ဒကိုလွန်ဆန်နိုင်တဲ့ သူတစ်ယောက်မဟုတ်တော့ မမကပဲ ကူညီပေးပြီး တာ၀န်ယူပေးမှရတော့မယ်...ကိုး မေတ္တာတွေကို ယုံကြည်ပေးပါမမရယ် တစ်သက်သာလုံးအတွက် လိုအပ်တာထက်ပိုတဲ့ နွေးထွေးမှုမျိုးကိုပေးပါ့မယ်...အပြောသက်သက်မဟုတ်ဘူး မမ လုပ်ရက်နဲ့သက်သေပြမှာ...သိပ်ကြီးမမျှော်လင့်ထားဘူးဆိုပေမဲ့လဲ မမဆီက တူညီတဲ့တန်ပြန်ချစ်ခြင်းတွေကိုတော့ တမ်းတမိတယ်...အတ္တများကြီးသွားသလားဟင် "

ဟိုဘက်အိမ်က ကျွန်မရည်းစားWhere stories live. Discover now