ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား
အပိုင်း(၁)
အိမ်ထဲသို့ ဝင်မည့်အချိန်မှာပင်
ထွန်းမြတ်ကို က လှမ်းခေါ်ပြန်သည်။"ယုမောင်"
"ဟင်"
"မနက်ဖြန်ကျရင် စောစောလာခဲ့ ငါ မင်းတို့ အိမ်ရှေ့ကနေ စောင့်နေမယ် ကြားလား"?
"အင်း"
အင်း လို့ ဖြေပြီး မျက်နှာကို ထွန်းမြတ်ကို မမြင်အောင် ဒီဘက်လှည့်ပြီး ပြုံးလိုက်မိသည်။ပျော်လွန်းလို့ မပြုံးပဲ မနေနိုင်ပါ။
ခြံထဲသို့ ဝင်လိုက်ပြီး ခြံတံခါးကို ပြန်ပိတ်လိုက်သည်။သူ့အိမ်သူ ပြန်သွားပြီ ဖြစ်သော ထွန်းမြတ်ကို၏ နောက်ကျောပြင်ကြီး လိုက်ကြည့်ကာ တစ်ခစ်ခစ် ရယ်လိုက်မိသည်။
တစ်ကယ်ဆို ထွန်းမြတ်ကို ကို ကျွန်တော် တွေ့စကတည်းကပင် သဘောကျနေခဲ့တာ။ထွန်းမြတ်ကို ကို သဘောကျလို့ ဆိုပြီး ကျောင်းမှာရော၊စာကြည့်တိုက်မှာရော၊ကင်တင်း မှာရော ကျွန်တော် ထွန်းမြတ်ကို၏ အနီးမှာ တဝဲလည်လည် ဖြစ်နေခဲ့ရတာ အကြာကြီးပင်။
ခုတော့ ထွန်းမြတ်ကိုက ကျွန်တော့်ကို သတိထားမိနေလေပြီ။လောလောဆယ်တော့ အရမ်းခင်ကြသည့် သူငယ်ချင်းတွေ ဖြစ်လာကြပြီဆိုတော့
နောက်တော့ ချစ်သူတွေ ဖြစ်လာနိုင်သည်ပဲ ဟု တွေးကာ ခုန်ပေါက်မြူးတူးပြီး အိမ်ထဲသို့ ပြေးဝင်လိုက်လေသည်။အိမ်ထဲသို့ ဝင်ဝင်ချင်း၌ ဧည့်ခန်းရှိသည်။ထို ဧည့်ခန်းကို ဖြတ်ကျော်ပြီးမှ ကျွန်တော့် အခန်းဆီသို့ ရောက်မည် ဖြစ်သည်။
ဪ အိမ်ဆိုလို့ အခုနေနေသည့် အိမ်အကြီးကြီးသည် ကျွန်တော်တို့ အိမ်မဟုတ်ပေ။အိမ်ပိုင်ရှင်သူဌေးက သပ်သပ်ရှိသည်။
ကျွန်တော်တို့က ဤအိမ်ကြီး၏ အလုပ်သမား မိသားစုကမွေးသည့် ကလေးတွေပင်ဖြစ်သည်။"ဟေ့ နေအုံး"
ကိုယ့်အတွေးနှင့် ကိုယ် အပျော်လွန်ပြီး အိမ်ထဲသို့ ခုန်ပေါက်ပြေးဝင်လာနေတုန်း ဧည့်ခန်းထဲက ဆိုဖာကြီးပေါ်၌ ခြေပစ်၊လက်ပစ် ထိုင်ကာ အရက်သောက်နေသည့် လူတစ်ယောက်လုံးကို သတိမထားမိ။
YOU ARE READING
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား
Teen Fictionသူဌေးရဲ့သားနဲ့ ဒရိုင်ဘာရဲ့ မြေးတို့ကြားက တစ်ယောက်က နီးစပ်အောင်ကြိုးစားနေပြီး သူ့ရဲ့ ကြိုးစားပုံ ကြိုးစားနည်းက မမှန်တော့ အဝေးကို တွန်းပို့နေသလို ဖြစ်နေရာကနေ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အမှတ်မထင် နီးစပ်သွားတာမျိုးလေးပါ။ အတိတ်မေ့နေတုန်းက အရမ်းခင်တွယ...