part (04)

3.3K 151 7
                                    

အပိုင်း(၄)
နှိုးစက်သံက နားထဲသို့ ဆိုးဆိုးဝါးဝါး၊ ဆူဆူညံညံ ဝင်လာလေသည်။ဆူညံမှာပေါ့ ခါတိုင်း နှိုးစက်မှ မပေးဖူးတာလို့ ကျွန်တော့် ဘာသာ ကျွန်တော် ပြန်တွေးနေမိသည်။
ဒါဖြင့် ဒီနေ့ရော ဘာလို့ နှိုးစက်ပေးထားရတာလဲ?လို့ ပါ ပြန်တွေးမိပြန်သည်။
ဪ ဟိုကောင်လေး ယုမောင်လွင်၊
ဒင်းလေးကျောင်းသွား အမှီ အိပ်ရာက နိုးထချင်လို့ပဲ လို့ သတိရသွားသည်။

ဒါဖြင့် အခုက မနက်၆နာရီပေါ့ ဟု သတိထားမိသွားသည်။ထို့ကြောင့် အိပ်နေရာကနေ ဗြုန်းကနဲ ထ,ထိုင်လိုက်မိသည်။

တဆက်တည်းမှာပဲ ရေချိုးခန်းထဲသို့ ဝင်ကာ ရေချိုးပစ်လိုက်သည်။
ရေပန်းက ရေတွေက ကျွန်တော့် ခန္ဓာကိုယ်ပေါ်သို့ စီးကျနေလေသည်။

စိတ်ကတော့ ယုမောင်လွင်ဆီသို့ ရောက်သွားလေသည်။
ငယ်စဉ်ကတည်းက အမေမရှိတော့သည့် ကျွန်တော်က အဖေ့ကိုသာ တွယ်တာရာဟု မှတ်ထင်ခဲ့ပေမယ့် အဖေကတော့ သူ့ကုမ္ပဏီသည်သာ သူ၏ တခုတည်းသော တွယ်တာရာ ဖြစ်ခဲ့သည်။

ပိုပြီး ရက်စက်ခဲ့တာက သူ့ကိုသာ တကပ်ကပ်လုပ်နေသည့် ကျွန်တော့်ကို ငယ်စဉ်ကတည်းက ကျောင်းတက်ဖို့ဆိုပြီး နိုင်ငံခြားကို ပို့ပစ်ခဲ့တာပင်။

ကျောင်းပြီးသွားလို့ ပြန်လာသည့် ကျွန်တော်က အဖေနှင့်စိမ်းနေသည်။
အဖေကလည်း နွေးနွေးထွေးထွေး အချိန်ပေး ဖို့ နေနေသာသာ သူ့အလုပ်မှ သူ့အလုပ် ဖြစ်နေသည်။
သည်တော့ ကျွန်တော် စိတ်ညစ်သည်။အထီးကျန်သလို ခံစားရသည်။
ထို့ကြောင့် ထိုနေ့ တစ်နေ့လုံး အမြည်းစားလိုက်၊ အရက်သောက်လိုက် လုပ်နေမိသည်။

အိမ်ထဲက အလုပ်သမားတွေက အမြည်းတွေ ကို ပြင်တော့ ပြင်ပေးပါရဲ့ နိုင်ငံခြားမှာ ဘယ်လိုကျောင်းတက်ခဲ့တဲ့ ဘယ်လို ကျောင်းသား ပါလိမ့်ဆိုသည့် အကြည့်မျိုးနှင့် အထူးအဆန်း ကြည့်နေကြလေသည်။

ကိုယ့်အကြောင်းနှင့် ကိုယ်မို့ ဘာစကားမှလည်း ပြောချင်စိတ်လည်း မရှိသလို ရယ်ပြ၊ပြုံးပြချင်စိတ်လည်း ရှိမနေပေ။

ထို့နေ့မှာပဲ အိမ်ထဲသို့ ကျေားပိုးအိတ်လေး လွယ်ကာ ဝင်လာသည့် ကျောင်းသားလေး တစ်ယောက် ကို မြင်လိုက်ရသည်။

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now