part (02)

3.8K 183 14
                                    

အပိုင်း(၂)
ဒီနေ့ မနက် ကျောင်းကို ခပ်စောစောလေး ထွက်လာခဲ့သည်။တော်ကြာ ဟိုလူကြီးနှင့် ဧည့်ခန်းထဲမှာ တွေ့နေမှာကို စိုးရိမ်ရသည်။

အလကားနေရင်း အလကား ဟိုလူကြီးကို ရှောင်နေတာတော့ မဟုတ်ပါဘူး။သို့ပေမယ့် ဟိုလူကြီး တောင်းသည့် ပန်းချီပစ္စည်း ဖိုး ငါးသိန်းကတော့ ဘယ်လို မှ ပြန်မဆပ်နိုင်သေးချေ။

ဟိုလူကြီးကလည်း တော်တော် လက်ပေါက်ကပ်သည် မသုံးရသေးသည့် ပန်းချီ ပစ်စည်းတွေ ပြန်ပေးပါ့မယ် ယူသုံးပါ ဆိုတော့လည်း ပြန်မယူဘူးဟု ဆိုသည်။ပြီးတော့ သူလည်း ပန်းချီ မဆွဲတတ်ဘူးတဲ့လေ။

"အတော်ဆိုးတဲ့ လူကြီး"

ဧည့်ခန်းထဲက ဖြတ်သွားစဉ် ဟိုလူကြီး ထိုင်နေကျ နေရာကို ကြည့်ကာ ပွစိ၊ပွစိ ပြောပစ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် ကုပ်ချောင်းချောင်းဖြင့် ခိုးထွက်လာပြီး ခြံဝန်း၏ အပြင်သို့ ရောက်လာလေသည်။

ဝမ်းသားအားရဖြင့် ခြံဝန်းကြီးကို လှည့်ကြည့်ပြီး ခပ်သွက်သွက်လေး ဆက်ထွက်လာခဲ့လေသည်။

...........
"မမ မင်္ဂလာပါ"

"အေး မောင်လေး ပြော ဘာယူအုံးမှာလဲ"

ကျွန်တော့် အဖြစ်က ရယ်ရသည်။
ပန်းချီ ပစ္စည်းတွေကို ပြန်သွင်းလို့ ရလိုရငြား လမ်းထိပ်က ပန်းချီ ပစ္စည်းဆိုင်ကို ကျောင်းကနေ ပြန်သွားရသည့် အဖြစ်၊
မနက်တုန်းက ထိုဆိုင်ရှေ့က ဖြတ်ပြီး ကျောင်းသွားရတာပါပဲ။

မနက်စောစောစီးစီး‌ဆိုတော့ ပစ္စည်း ပြန်မသွင်းချင်လို့ နေ့လည်စာ ကျောင်းဆင်းချိန်သို့ အစီအစဉ် ပြောင်းလိုက်တာဖြစ်သည်။

"ဟိုလေ မမ။
ပစ္စည်း ဝယ်မလို့ မဟုတ်ပါဘူး။
အဟီး။
သား ဟိုနေ့က ဒီဆိုင်က ဝယ်သွားတဲ့ ပစ္စည်းလေးတွေလေ။
အဲဒါ ပြန်သွင်းချင်လို့ပါ"

"ဟမ် မောင်လေးရယ်။
မောင်လေးကို မှတ်မိပါတယ်။
ပစ္စည်းတွေကလည်း မမတို့ ဆိုင်ကပဲ မှန်တယ်။
ဒါပေမယ့် မမတို့က လဲရုံပဲ လဲပေးတာ မောင်လေးရဲ့ ပြန်သွင်းတာကျ လက်မခံဘူးရယ်"

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now