အပိုင်း(၈)
အိမ်ကို ပြန်ရောက်လာတော့ ဒေါ်မြတို့ အဖွဲ့က သူ့ကို ဝိုင်းပြီး ဆီးကြိုကြတာကို ယုမောင်လွင်က ကြောက်လို့ ဆိုပြီးတော့ ဧည့်ခန်းထဲမှာ ပတ်ပြေးနေသည်။တော်သေးသည် ဒေါ်မြတို့ အဖွဲ့ကို သူ့အဘိုးက အခြေအနေတွေ အကုန်ပြောပြထားလို့ စိတ်မဆိုးကြပေ။
"ဟယ် နင့်ကို ဒီလိုပုံစံနဲ့ မြင်ရတာ သနားလိုက်တာ ယုမောင် ရယ်။တော်သေးတယ်။ နင် အသက်တော့ ရှင်နေလို့"
ဟု စုပ်တသပ်သပ် ဖြင့် ပြောဆိုနေကြပြီး မီးဖိုထဲက လုပ်ငန်းခွင်တွေဆီ ပြန်ဝင်သွားကြလေသည်။
ယုမောင်လွင် ဒဏ်ရာရ သည့်ေန့တုန်းကဆို ဒေါ်မြတို့ အဖွဲ့လည်း မျက်လုံးပြူး ၊မျက်ဆန်ပြူးတွေ ဖြစ်၊ယုမောင်လွင်၏ အဘိုးဆိုလည်း သူ့ကြောင့် ဖြစ်ရတာဆိုပြီး ယူကြုံးမရတွေ ဖြစ် လို ဖြစ် နှင့်
ယုမောင်လွင်က အိမ်က အလုပ်သမားတွေကြားမှာ အချစ်ခံလေး ဖြစ်နေမှန်း ထိုနေ့ကမှ သိလိုက်ရသည်။အခု ဆို ကျွန်တော်လည်း သူ့ကို ချစ်နေပြီလေ။
"မောင်ကောင်းမြတ်လွန်း ရယ် အဘိုးကို တစ်ခုလောက် ကူညီပါအုံး"
"ဟုတ်ကဲ့ ပြောပါအဘိုး"
"မြေးလေးက အဘိုးကိုလည်း မမှတ်မိဘူး။ကြောက်လည်း ကြောက်နေရှာတာ။သူအကပ်ခံတာ ဆိုလို့ မောင်ကောင်းမြတ်လွန်းပဲ ရှိတာမို့ပါ"
"ရပါတယ် အဘိုး
ကျွန်တော် ကူညီပါ့မယ်။
အားမနာပါနဲ့""မြေးလေးကို သူ့အခန်းထဲ လိုက်ပို့ပေးပါ့လားကွယ်"
"ဪ ဒါလား
ရပါတယ် အဘိုး ကျွန်တော်လိုက်ပို့ လိုက်ပါ့မယ်"ထိုအခိုက်မှာပင် ယုမောင်လွင်က ကျွန်တော့်လက်ကို လှမ်းဆွဲသည်။
ယုမောင်လွင်၏ အပြုအမူကြောင့် သူ့အဘိုးကတော့ မျက်နှာပူနေ သယောင်ယောင် ဖြစ်ကာ ရှေ့ကနေ
ဦးဆောင်ပြီး အလုပ်သမား တိုက်ခန်းတွဲဆီသို့ ထွက်သွားသည်။"အစ်ကို ကောင်းမြတ်လွန်းကရော
ကျွန်တော့် အခန်းနားမှာ နေတာလားဟင်"?ကျွန်တော့် လက်ကို လုံးဝ မလွှတ်တမ်း ကိုင်ဆွဲကာ သူ့အဘိုး၏ နောက်ကလိုက်နေသော ယုမောင်လွင်၏ မေးခွန်းက ဖြေရခက်လိုက်တာ။
YOU ARE READING
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား
Teen Fictionသူဌေးရဲ့သားနဲ့ ဒရိုင်ဘာရဲ့ မြေးတို့ကြားက တစ်ယောက်က နီးစပ်အောင်ကြိုးစားနေပြီး သူ့ရဲ့ ကြိုးစားပုံ ကြိုးစားနည်းက မမှန်တော့ အဝေးကို တွန်းပို့နေသလို ဖြစ်နေရာကနေ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အမှတ်မထင် နီးစပ်သွားတာမျိုးလေးပါ။ အတိတ်မေ့နေတုန်းက အရမ်းခင်တွယ...