part (03)

3.4K 182 9
                                    

အပိုင်း(၃)
ထို့နောက် ကားက မြို့ပြင်သို့ ရောက်လာလေသည်။အခြေအနေက ထိတ်စရာ၊လန့်စရာ ဖြစ်လာတာမို့ ကျွန်တော် ငြိမ်ပြီး ကြည့်နေမိသည်။
ထင်သည့် အတိုင်းပင် မြို့ပြင်၌ ခြံတစ်ခြံ ရှိသည်။ထိုခြံထဲသို့ ကားက ဝင်သွားလေသည်။

မြို့ပြင်က ခြံ ဆိုပေမယ့် ခြံစည်းရိုးက ကျိုးတိုးကျဲတဲ မဟုတ်ပဲ အုတ်တံတိုင်းခတ်ထားတာ ဖြစ်သည်။

အိမ်ကလည်း ရှေးဟောင်းတိုက်၊ရှေးဟောင်းအိမ်လိုမျိုး လုံးဝ မဟုတ်ပဲ ခေတ်မီသည့် တစ်ထပ်တိုက် လေးဖြစ်သည်။

ပြီးတော့ ခြံထဲမှာ ရေကူးကန်လည်း ရှိသည်။ပန်းတွေလည်း မျိုးစုံအောင် စိုက်ပျိုးထားလေသည်။

ခြံတံခါး လာဖွင့်ပေးသည့် လူကလည်း ရုပ်ကြမ်းကြီးနှင့် အရက်သမား ရုပ်မဟုတ်ပဲ အသားခပ်ဝင်းဝင်းနှင့် ကျွန်တော့် အဘိုးအရွယ် အဘိုးတစ်ယောက် ဖြစ်သည်။

ဘာပဲ ဖြစ်ဖြစ် မြို့ပြင် ခြံက ကြောက်စရာ မကောင်းပေမယ့် ကျွန်တော့်ကို ခေါ်လာသည့် ဗလကြီးကြီး ၊လူကောင်ထွားထွားနှင့် ဟိုလူကြီးကတော့ ကလိမ်ကကျစ်ကြီးပင် ဖြစ်သည်။

ထို့ကြောင့် သတိထားရမည်ဟု တွေးနေစဉ် ဟိုလူကြီးက ကားပေါ်က ဆင်းကာ ကျွန်တော့် ဘက်ခြမ်းက တံခါးကိုပါ ဆွဲဖွင့်ပြီး ကျွန်တော့်ကို အရုပ်လေး တစ်ရုပ်ပမာ ကားပေါ်ကနေ ဆွဲချလိုက်လေသည်။

"မဆင်းဘူး။
မဆင်းဘူးလို့။
အိမ်ပြန်ပို့ပေး"

မဆင်းဘူးလို့ အော်နေပေမယ့် ကျွန်တော်က မြေပြင်ပေါ်သို့ ရောက်နေချေပြီ ဖြစ်သည်။

အားမတန်လို့ မာန်လျော့လိုက်ရပေမယ့် ဟိုလူကြီး ကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်မိသည်။

"လာ လိုက်လာခဲ့"

ပါးစပ်ကသာ လာ လိုက်လာခဲ့ လို့ ပြောပေမယ့် လက်ကလည်း ကျွန်တော့် လက်မောင်းကို မလွတ်တမ်း ဆွဲကိုင်ကာ အိမ်ထဲသို့ ဆွဲသွင်း နေလေသည်။

"ဟေ့ ခင်ဗျားကြီး လုပ်ချင်ရာ လုပ်လို့ မရဘူးနော်။ဥပဒေ ရှိတယ်။ကျွန်တော် ပျောက်သွားရင် အဘိုးကလည်း လိုက်ရှာမှာ။ခင်ဗျား အဖေကလည်း လိုက်ရှာမှာ ခင်ဗျားကြီး သိလား?"

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now