part (06)

2.1K 112 14
                                    

အပိုင်း(၆)
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား?
.................
အိမ်ထဲကို လှမ်းဝင်လာကတည်းက အဖေက ခပ်တည်တည်နဲ့ ရပ်ကြည့်နေတာကို ကျွန်တော် မြင်ပါသည်။

ကျွန်တော်နှင့် ယုမောင်လွင်တို့ နှစ်ယောက်လုံး အိမ်ထဲရောက်လာမှ အဖေက အတွင်းခန်းထဲကို ခပ်တည်တည်ကြီး ဝင်သွားတာကြောင့် ယုမောင်လွင်၏ မျက်နှာလေး ပျက်သွားတာကို ကျွန်တော် မြင်ဖြစ်အောင် မြင်လိုက်ရသေးသည်။

"ဒီ ဘဲကြီးကတော့"

ရှုတည်တည်ကြီး လုပ်ကာ အတွင်းခန်းထဲသို့ ဝင်သွားသည့် အဖေ့ကို ကြည့်ကာ စိတ်ထဲက နေ ပြောလိုက်မိတာ ဖြစ်သည်။

အလုပ်သမား အိမ်ခန်းလေးတွေဆီ ကုပ်ကုပ်၊ကုပ်ကုပ်နဲ့ ဝင်သွားသည့် ယုမောင်လွင်ကို အားနာစရာဟု တွေးမိသည်။

ယုမောင်လွင်၏ နောက်ကျောလေးကို မမြင်ရတော့မှ ကျွန်တော်လည်း အတွင်းခန်းထဲသို့ ဝင်လာခဲ့သည်။

အိမ်မှာ အပြင်ဧည့်ခန်းအပြင် အတွင်းဧည့်ခန်းပါ ရှိသည်။အတွင်း ဧည့်ခန်းကို ဖြတ်ပြီးမှ အဖေ့ အခန်း၊ စာကြည့်ခန်း၊ အပေါ်ထပ်သို့ တက်သည့် လှေကား နှင့် အရက်ကောင်တာသို့ ရောက်မည် ဖြစ်သည်။

ကျွန်တော်က အပေါ်ထပ်က အခန်းမှာ နေသည်။ထို့ကြောင့် လှေကားဆီသို့ သွားရန် အတွင်းဧည့်ခန်းကို ဖြတ်ကို ဖြတ်ရမည် ဖြစ်သည်။

အတွင်းဧည့်ခန်းထဲကို ကျွန်တော်ရောက်လာတော့ စာအုပ်တစ်အုပ်ကို ဖတ်ကာ ဆိုဖာပေါ်မှာ ထိုင်နေသော အဖေ့ကို အထူးအဆန်းသဖွယ် မြင်လိုက်ရသည်။
ခါတိုင်း ဒီလို အချိန်ဆို သူ့စာကြည့်ခန်းထဲမှာ အလုပ်တွေ လုပ်ရင်း အချိန်ကုန်ဆုံးလေ့ ရှိသူက ခုလိုကြီး မြင်ရဖို့ ခဲယဉ်းသည်လေ။

"ဪ အဖေ မအိပ်သေးဘူးလား"?

"အေး မင်းဒီကို လာထိုင်အုံး။
မေးစရာ ရှိတယ်"

"ဟုတ်ကဲ့"

အချိန်အကြာကြီးနေမှ ကျွန်တော်နှင့် စကားပြောဖို့ အချိန်ရှိလာသော အဖေ့ကြောင့် စိတ်လှုပ်ရှားနေမိသည်။

"မင်း ဟိုကောင်လေး ယုမောင်နဲ့ အခုတလော တတွဲတွဲ လုပ်နေတာ ဘာလို့လဲ"?

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now