part(07)

2K 103 10
                                    

အပိုင်း(၇)
"မင်းကတော့ ပြဿနာ ရှာလိုက်ပြန်ပြီ ကောင်းမြတ်လွန်း"

ဆေးရုံခွဲစိပ်ခန်း၏ရှေ့မှာ သတိလက်လွတ်ဖြင့် မနေ့ညက တစ်ညလုံး ထိုင်နေသည့် ကျွန်တော့်ကို အဖေက ဆူပူနေသည်။

"ဟား တော်သေးတာပေါ့။ အဖေ ရောက်လာလို့၊ မဟုတ်ရင် ယုမောင်လွင်ရဲ့ အဘိုးကို သားဘယ်လို မျက်နှာ ပြရမှာလဲ မသိဘူး"

"လာကြည့်ရတာပေါ့ကွ
ကိုယ့်အိမ်က ကလေး ဒဏ်ရာရတာကို။
ပြီးတော့ ငါ့သားကြောင့် ဖြစ်ရတဲ့ အဖြစ်ကို ငါက လျစ်လျူရှုနေလို့ ‌ေခွးလုံးလုံး ဖြစ်သွားမှာပေါ့ "

ကျွန်တော့်ကို ဆူပူငေါက်ငမ်းပြီးသည်နှင့် ခွဲစိပ်ခန်းတံခါးဝ,၌ ညှိုးညှိုးငယ်ငယ်ပုံစံဖြင့် ရပ်‌ေ‌နသော ယုမောင်လွင်၏ အဘိုး ရှိရာသို့ တည့်တည့်ကြီး လျှောက်သွားလေသည်။

"ဆရာရယ်
ကျွန်တော့်မြေးလေး၊
ကျွန်တော့်မြေးလေး
အသက်ရှင်မှ ရှင်ပါ့မလား ဆရာ"

အဖေ့ကို မြင်လိုက်သည်နှင့် ယုမောင်လွင်၏ အဘိုး ဒရိုင်ဘာကြီးက ရှိုက်ကြီးတငင် ငိုချကာ အားကိုးတကြီး တိုင်တည်ပြောဆိုနေလေသည်။

အင်း....လေ။အဖေက သူ့ရဲ့ သူဌေးဆိုတော့ အားကိုးရှာမှာပေါ့လို့ တွေးလိုက်မိသည်။

"အသက်ရှင်မှာပါ။
ကျွန်တော် က အသက်ရှင်အောင် ကုပေးမယ် အဘိုး။ဘယ်လောက်ကုန်ကုန် ကျွန်တော် အကုန် အကျ ခံပါ့မယ် အဘိုး"

"အီးဟီးဟီး
ရပါတယ်ဗျာ။
ကျွန်တော် တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံလေးတွေ ရှိပါတယ်။
အဓိကက ‌ပိုက်ဆံ မဟုတ်ပါဘူး။
ကျွန်တော့် မြေးလေးရဲ့ အသက်ပါဗျာ"

"အသက်ရှင်မှာပါ အဘိုးရယ်
အသက်ရှင်မှာပါ။
ကောင်းမြတ်လွန်း
ဘာလုပ်နေတာလဲ?
ဒီကိုလာ
အဘိုးကို တောင်းပန်လိုက်အုံး"

အဖေ့ ခေါ်သံကြောင့် ကျွန်တော် လည်း အခုမှပင် အဘိုးကို တောင်းပန်ဖို့ သတိရတော့သည်။
မနေ့ညက တစ်ညလုံး အဘိုးနှင့်ကျွန်တော် ဒီခွဲစိပ်ခန်း၏ရှေ့၌ အတူရှိနေကြပေမယ့်
ကိုယ့်သောကနှင့် ကိုယ်မို့ စကားလည်း မပြောဖြစ်ကြ၊ကိုယ်စီ အတွေးတွေဖြင့် တိတ်ဆိတ်နေမိခဲ့ကြသည်။

ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လားWhere stories live. Discover now