အပိုင်း(၅)
ညနေပိုင်း အတန်းချိန်တွေ ပြီးသည့် အခါကျွန်ေတာ်ရယ်၊ ထွန်းမြတ်ကိုရယ်၊ နှစ်ယောက်သား စကားလေးတွေ ပြောရင်း ကျောင်းထဲကနေ ထွက်လာခဲ့သည်။ဒီနေ့ ခါတိုင်းနေ့တွေထက် ထွန်းမြတ်ကိုက ကျွန်တော့်အပေါ် ပိုပြီး ဂရုတစိုက်ရှိသည်ဟု ကျွန်တော်ထင်သည်။ထို့ကြောင့်လည်း ကျွန်တော် အူမြူးနေမိသည်။
ဘယ်လောက်ထိတောင် အူမြူးနေမိလဲ ဆိုတော့ ညနေကျရင် ဟိုလူကြီးကို ပုံတူရေးပေးရမယ် ဆိုတာလည်း မေ့နေပြီး ဟိုလူကြီးက ကျွန်တော့်ကို ထွန်းမြတ်ကိုနှင့် မတွဲရဘူး လို့ ပြောထားတာကိုပါ မေ့နေမိသည်။
သွားကို ၃၂ချောင်းလုံး ဖြီးကာ ထွန်းမြတ်ကိုကို ခိုး ခိုး ငေးပြီး ကျောင်းပြင်ကို ရောက်လာတာကိုတောင် ကိုယ့်ကိုယ်ကိုယ် သတိမထားမိအောင်
ဖြစ်ေနသည်။"တီ တီ"
ကားဟွန်းသံ ခပ်ကျယ်ကျယ်ကို ကြားလိုက်ရတော့ ကျွန်တော် စိတ်တိုမိသည်။တက္ကသိုလ်လို လူအများ သွားလာကြတဲ့ နေရာမှာ ကားမောင်းရင်လည်း စိတ်ရှည်ရှည်နဲ့ မောင်းရမှာပေါ့ လို့ တွေးသည်။
"မနေ့က ဟို ဘိုးတော် မဟုတ်လား?
ယုမောင်။
ဒီနေ့ရော သူက လမ်းကြုံပြန်ပြီလား"?ဟင်!ထွန်းမြတ်ကို၏ စကားကို ကြားမှ ဟိုလူကြီး လာကြိုမှာကို သတိရမိသည်။
အလန့်တကြားဖြင့် ကားဟွန်းသံကြားရာကို လှမ်းကြည့်လိုက်သည့် အခါ
ကားပေါ်ကနေ ခပ်တည်တည် ထိုင်ကြည့်နေသော ဟိုလူကြီး ကို မြင်လိုက်ရလေသည်။"ဟာ ....ဟေ့
ထွန်းမြတ်ကို သူ့အဖေ သူဌေးက ငါ့ကို သူ့သားနဲ့ ကျောင်းသွားကျောင်းပြန် လမ်းကြုံနေလို့ အတူတူ သွားပါ၊ပြန်ပါလို့ ပြောထားတာကွ။
သူဌေးကိုကျ ငြင်းရမှာ အားနာလို့။ ငါလိုက်သွားလိုက်အုံးမယ်။
မနက်ကျ ကျောင်းမှာ တွေ့ကြမယ်နော်"ထွန်းမြတ်ကို ကို ရေးကြီးသုတ်ပြာ ဖြင့် နှုတ်ဆက်ခဲ့ပြီး ဟိုလူကြီး ဆီသို့ ပြေးထွက်လာခဲ့သည်။
ဟိုလူကြီးကို ကြည့်ရတာလည်း မျက်နှာ မကောင်းဘူး။
တော်ကြာ ထွန်းမြတ်ကို၏ ရှေ့မှာ အကြွေးတောင်းနေရင် ကျွန်တော်ပဲ အရှက်ကွဲမည်မဟုတ်ပါလား"?
YOU ARE READING
ဟိုလူကြီးက ကျွန်တော့်ယောက်ျားတဲ့လား
Teen Fictionသူဌေးရဲ့သားနဲ့ ဒရိုင်ဘာရဲ့ မြေးတို့ကြားက တစ်ယောက်က နီးစပ်အောင်ကြိုးစားနေပြီး သူ့ရဲ့ ကြိုးစားပုံ ကြိုးစားနည်းက မမှန်တော့ အဝေးကို တွန်းပို့နေသလို ဖြစ်နေရာကနေ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အမှတ်မထင် နီးစပ်သွားတာမျိုးလေးပါ။ အတိတ်မေ့နေတုန်းက အရမ်းခင်တွယ...