ချစ်ရပါသောနှင်းဆီ🌹part.1

1.1K 13 0
                                    

ရန်ကုန်မြို့ကြီးရဲ့ရပ်ကွက်လေးတစ်ခုရဲ့ည‌ေနခင်းမှာ

'မိနှင်းဆီရေ မိနှင်းဆီ ခေါ်နေတာမကြားဘူးလား...ကောင်မဘယ်သွားသေနေတာလဲမသိဘူး'

'လာပါပြီအမေ'

နွမ်းဖက်တဲ့အဝတ်‌ေတွကိုဝတ်ဆင်ထားပေမဲ့လည်း သူမရဲ့အလှတရားတွေကိုတော့ဖုံးကွယ်မထားနိုင်ပါဘူး၊ဖြူဝင်းတဲ့အသားအရည်၊လှပတဲ့ကိုယ်လုံး၊သမင်မျက်လုံးပေါ်မှရှည်လျားပြီးကော့နေသောမျက်တောင်တွေ၊နီရဲ၍ဖူးနေသောနှုတ်ခမ်းလွှာများ၊စင်း‌ေန‌ေသာနှာတံနဲ့ဆံနွယ်တွေက ဘာမှမလိမ်းချယ်ထားတာတောင်အလွန်လှပနေတုန်းပင်

သူမဟာရုပ်လေးလှပေမဲ့ဘဝပေးကံကတော့မကောင်းရှာပေ မနှင်းဆီဆိုတဲ့သူမအသက်၂၀လောက်ကမိခင်ဖြစ်သူ‌ေဒါ်နှင်းဆုံးသွားပြီး ၁နှစ်‌‌ေလာက်အကြာ ဖခင်ဖြစ်သူ ဦးသက်ထွန်း မှ‌ေဒါ်မြတ်မင်းလို့‌ေခါ်တဲ့ နောက်မိန်းမထပ်ယူခဲ့တယ်
မိထွေးတို့ရဲ့ထုံးစံအတိုင်း သူမအဖေရှေ့တစ်မျိုးကွယ်ရာတစ်မျိုးနဲ့မနှင်းဆီလေးကိုနှိပ်စက်တော့တာပေါ့

သူမရဲ့လင်ပါသမီး ချယ်ရီဆို‌တဲ့ကောင်မလေးကိုတော့အရမ်းအလိုလိုက်ထားတာပေါ့
မနှင်းဆီ‌ကယခုအသက်၂၆ရှိပြီဖြစ်ပြီး
အဝေးသင်ရုက္ခဗေဒဘာသာဖြင့်ကျောင်းပြီးထားပြီဖြစ်သည်။ သူ့သူငယ်ချင်းရဲ့စတိုးဆိုင်မှာ စာရင်းကိုင်အနေနဲ့အလုပ်လုပ်ပြီး သူ့မိထွေးကိုပိုက်ဆံအပ်ရပါတယ်
သူ့မိ‌ေထွးရဲ့သမီးကလည်းသူနဲ့အသက်တူတူပဲဖြစ်ပေမဲ့သူကတော့‌ေကျာင်းလည်းမတက် ဘာအလုပ်မှမလုပ်ဘဲအလကားထိုင်စားနေတာပေါ့

မနှင်းဆီရဲ့အဖေက ပန်းရံအလုပ်လုပ်ပြီးညနေမှပဲအိမ်ကိုပြန်ရောက်လေ့ရှိတော့သူ့မိထွေးနဲ့သူ့သမီးအနိုင်ကျင့်တာကိုခံရတော့တာပေါ့

'ဟဲ့ ငါ့‌အမေခေါ်နေတာကိုမလာပဲ နင်ကဘာတွေလုပ်နေတာလဲ'

"ဟိုနှင်းဆီ မချယ်ရီရဲ့အဝတ်တွေလျှော်နေလို့ပါ"

"ဆင်ခြေမပေးနဲ့ ဘာလဲနင်ကငါ့အမေကိုမခန့်လေးစားလုပ်တာလား"

"မဟုတ်ပါဘူး နှင်းဆီမလုပ်ရပါဘူး"

"တော်တော့သမီး"

ချစ်ရပါသော နှင်းဆီWhere stories live. Discover now