ချစ်ရပါသော🌹 part.7

335 9 0
                                    

သူမအိပ်ယာနိုးတော့ သူပြောတဲ့စကားတွေကိုကြားယောင်မိနေပြီး....
သူမနှုတ်ခမ်းလေးကိုကိုင်ကာ ပြုံးနေမိသည်။

"မဖြစ်ဘူး စိတ်ခိုင်ခိုင်ထားစမ်းမိနှင်းဆီ ဒီလောက်လေးနဲ့‌ေကြွသွားရင် သူကနင့်ကိုလွယ်တယ်လို့ထင်သွားမှာပေါ့"
ဟုရေရွက်နေမိသည်။

ဒါပေမဲ့သူ့လိုမျိုးဥစ္စာပေါရုပ်ချောကိုဘယ်မိန်းကလေးကမကြွေဘဲနေနိုင်မှာတဲ့လဲ

သူမအတွေးများကိုရပ်တန့်လိုက်ပြီး မျက်နှာသစ်ခါ အောက်ထပ်ကိုဆင်းလာသည်နှင့်..သူမနှာခေါင်းထဲကိုနှင်းဆီပန်းနံ့တွေဝင်ရောက်လာလေသည်။

"ဟင်"

တစ်အိမ်လုံးကိုနှင်းဆီနီတွေထိုးထားကာ
ပွဲအခမ်းအနားကြီးတစ်ခုလိုဖြစ်နေ၏။

"အေးအေးရေ"

"ရှင်မမလေး"

"ဟို ဒီနေ့ပွဲရှိလို့လားလို့မေးမလို့ပါ"

"အော် နှင်းဆီပန်းတွေကြောင့်လား..အဲ့ဒါကအကိုလေးမှာပြီးထိုးခိုင်းထားတာပါ ဘာပွဲမှမရှိပါဘူး.....အော် ပြီးတော့အကိုလေးကမှာထားသေးတယ် မမလေးနိုးရင်သူ့ဆီခဏလာခဲ့ပါဦးတဲ့"

"ဟင် ဘာလို့လဲ?"

"အဲ့တာတော့အေးအေးလည်းမသိဘူး ဒါပေမဲ့မမလေးကတော့ တကယ့်ကိုထူးခြားတဲ့လူပဲ"

"ဘာလို့လဲ အေးအေးရဲ့"

"အရင်တုန်းကအကိုလေးကသူ့အခန်းကိုသူ့အမေမှလွဲရင်ဘယ်သူမှလာတာမကြိုက်ဘူး ဒါပေမဲ့မမလေးကိုတော့လာခိုင်းတယ်ဆိုတော့ ဟဲဟဲ"

"အို အေးအေးကလည်း ဘာတွေပြောနေမှန်းမသိဘူး"
ဆိုပြီးအ‌ေပါ်တက်ပြေးသွားသောသူ့မမလေးကိုကြည့်၍...

"အဟွန်း ရှက်သွားပြီ"
ဆိုပြီးတိုးတိုးရေရွက်လိုက်သည်။

အေးအေးကဒီအိမ်မှာနေလာတာကလည်း၅နှစ်လောက်ရှိပြီဆိုတော့သူ့အကိုလေးအကြောင်းကိုသိသည် မမလေးတစ်ယောက်ကိုပဲအခုလိုအကိုလေးကဆက်ဆံတာဖြစ်ပြီးတော့ မမလေး ကြိုက်တဲ့နှင်းဆီပန်းတွေကိုအခုလိုတစ်အိမ်လုံးထိုးထားတယ်ဆိုကတည်းက အကိုလေးကမမလေးကိုသ‌ေဘာကျနေမှန်း အေးအေးသိပါသည်။

ချစ်ရပါသော နှင်းဆီजहाँ कहानियाँ रहती हैं। अभी खोजें