ချစ်ရပါသော🌹part.2

524 12 0
                                    

စားသောက်ဆိုင်တစ်ခုရဲ့သီးသန့်ခန်းတွင်

"လာလာ သမီး"

မနှင်းဆီနဲ့သူမိထွေးဖြစ်သူဒေါ်မြတ်မင်းတို့ ပွဲစားခေါ်ဆောင်လာရာစားသောက်ဆိုင်ရဲ့သီးသန့်ခန်းတစ်ခုတွင် သားသားနားနားဝတ်စား၍ထိုင်နေသောမိန်းမကြီးတစ်ဦးနှင့်တွေ့လျှင်

"အမ ဒါချိုပြောတဲ့သူပါ....အမပြောတဲ့အတိုင်းရုပ်ရည်ရော စာရိတ္တပါကောင်းတဲ့သူလေးပါ ကျွန်မတို့မျက်စိရှေ့မှာတင်ကြီးလာတာဆိုတော့အစစအရာရာအာမခံပါတယ်"

ပွဲစားဆိုသည့်အတိုင်း ဒေါ်ချိုကတော့ပွဲခရဖို့ပိုပိုသာသာလေးပြောလိုက်၏

ထိုမိန်းမကြီးမှာနှင်းဆီကိုဝေ့ကြည့်လိုက်ပြီး

"ရုပ်လေးကတော့လှပါတယ် ဒါနဲ့အသက်ကဘယ်လောက်ရှိပြီလဲ"

"သမီး က၂၆နှစ်ပါ အခုတော့၂၇ပြည့်တော့မှာပါ"

ဒေါ်မြတ်မင်းတစ်ယောက်ကြားကနေဝင်ဖြေပေးနေ‌ေလသည်။
မနှင်းဆီကတော့ စိတ်ဆင်းရဲနေတာကြောင့်ဘာမှကိုပင်ပြောချင်စိတ်မရှိ

‌"ကောင်းပြီဒါဆိုအခုမင်းတို့ကိုဆေးဖိုးစရိတ်နဲ့ သိန်း၁၀၀ စရံပေးထားမယ် ကလေးမွေးပြီးမှကျန်တဲ့သိန်း၁၉၀၀ကိုပေးမယ်ဟုတ်ပြီလား"

"ဟုတ် ဟုတ်ကဲ့ပါ "

ဒေါ်မြတ်မင်းတစ်ယောက်ဒီလောက်များတဲ့ပိုက်ဆံတွေကိုရလိမ့်မည်ဟုမထင်ထားခဲ့ စကားတွေပင်ထစ်ကုန်တော့သည်။မနှင်းဆီလည်း အံ့အောနေသည်။သူတို့ကဒီလောက်တောင်ချမ်းသာကြတာလား....

"ဒါပေမဲ့.... အခုချိန်ကစပြီး သူမ ဘယ်သူနဲ့မှတွေခွင့်ရတော့မှာမဟုတ်ဘူးနော်....... ပြီးတော့ ဒီကြားထဲအ‌ေကြာင်းတစ်စံုတစ်ရာကြောင့်ထွက်ပြေးတာ...ကိုယ်ဝန်မဆောင်ချင်တော့တာဆိုရင်... အခုပေးထားတဲ့စရံငွေရဲ့နှစ်ဆကိုပြန်ပေးရမယ်...ပြီးတော့ကလေးမွေးပြီးရင်လည်းမင်းတို့နဲ့မသတ်ဆိုင်‌ေကြာင်းလက်မှတ်ထိုးရမယ် သဘောတူညီရင်ဒီစာချုပ်မှာလက်မှတ်ထိုးပါ"

ရှေ့ကိုချလာပေးတဲ့စာချုပ်ကိုကြည့်ပြီးမနှင်းဆီတွေဝေနေသလောက်‌ ဒေါ်မြတ်မင်းတစ်ယောက်ကတော့ အုပ်ထိန်းသူနေရာကနေ ကျေကျေနပ်နပ်ကြီးလက်မှတ်ထိုးလိုက်သည်။‌ပြီးနောက်ဒေါ်မြတ်မင်း နှင်းဆီကိုတစ်ချက်ကြည့်လိုက်ပြီး

ချစ်ရပါသော နှင်းဆီWhere stories live. Discover now