ချစ်ရပါသော🌹part.5

401 11 0
                                    

လှပတဲ့မနက်ခင်းလေးတစ်ခုမှာ

သူရိန်တစ်ယောက်နိုးလာတော့အောက်ကိုဆင်းလာပြီး သူတွေ့ချင်တဲ့မျက်နှာလေးကိုမတွေ့မိတာကြောင့်စိတ်အလိုမကျဖြစ်မိသည်။

"အေးအေး"

"ရှင် အကိုလေး လာပါပြီ"

"ဘာခိုင်းစရာရှိလို့လဲအကိုလေး"

"မာမီရောမမြင်မိပါလား"

သူသိချင်တာကိုကွေ့ဝိုက်ပြီးမေးနေ‌ေလသည်။

"အော် မေမေကြီးကနေမကောင်းလို့ ဒေါက်တာမင်းနိုင်က‌ေဆးစစ်‌ေပး‌ေနပါတယ် ပြီးတော့မမလေးကလည်းမေမေကြီးအခန်းထဲမှာပါ"

သူမကိုမတွေ့ရတာဒါကြောင့်ကို

ထိုအချိန်တွင်သူ့အနားကို လူနှစ်ယောက်စကားပြောရင်းရောက်လာသည်။တစ်ယောက်ကတော့သူတွေ့ချင်သည့်မျက်နှာလေးဖြစ်ပြီး.......... နောက်တစ်ယောက်ကတော့သူတို့မိသားစုရဲ့familyဒေါက်တာ ဒေါက်တာမင်းနိုင်ဖြစ်သည်။သူတို့မိသားစုရဲ့ထောက်ပံ့မှုကြောင့်အခုလိုဒေါက်တာဖြစ်လာပြီး ဒေါက်တာဖြစ်ပြီးနောက်ပိုင်းတွင်လည်း သူတို့ရဲ့familyဒေါက်တာဖြစ်လာခဲ့သည်။
သူမကိုကြည့်တဲ့ဒေါက်တာမင်းနိုင်ရဲ့အကြည့်တွေကရွန်းရွန်းစားစားဖြစ်နေပြီး သူမကလည်းပြန်ပြီးပြုံးပြနေလေသည်။

သူမကလည်းဒီနေ့မှ ငှက်ပျောညွန့်စိမ်းရောင်ဂါဝန်လေးကိုဝတ်ထားတာကြောင့် အသားဖြူအုနေတာလေးကိုပို၍ပေါ်လွင်နေပြီး တမျိုးပို၍လှပနေတော့သည်။
သူ့ကိုတောင်ပြုံးမပြဘူးတဲ့သူမက အခြားသူကိုပြုံးပြနေတော့ ဒေါသတို့ထွက်လာကာ..........

"မိန်းမရေ"

"ဟင်"

အားလုံးကသူခေါ်လိုက်တဲ့နာမ်စားကြောင့်ဆွိ့အသွားပြီး မနှင်းဆီမှာလည်းကျောက်ရုပ်ကြီးတစ်ရုပ်လိုသူ့ကိုပဲပြူးကြည့်နေမိသည်။

"ဟို ကိုမင်းသူရိန် နှင်းဆီက ကိုမင်းသူရိန်ရဲ့အမျိုးသမီးလားဗျ"

"ဟုတ်တယ်လေ ဘာလို့လဲဗျ"

နှင်းဆီကသူမကိုယ်သူမ ဒေါ်မြင့်မိုရ်ရဲ့တူမပါလို့မိတ်ဆက်ထားခြင်းဖြစ်ပြီး
အခုတော့ သူလုပ်တာနဲ့ဘာပြောလို့ပြောရမှန်းမသိတော့ချေ

ချစ်ရပါသော နှင်းဆီKde žijí příběhy. Začni objevovat