ချစ်ရပါသော🌹 part.4

439 10 1
                                    

ကျလိ ကျလိ ကျလိ
ကျေးငှက်တွေသာယာလှတဲ့မနက်ခင်းမှာ

သူရိန်တစ်ယောက်စောစောနိုးနေတာကြောင့် ဝရန်တာဘက်ထွက်ပြီး‌လက်ဆန့်လိုက်ပြီး....မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စိတ်များကြည်နူးနေမိသည်။

အိမ်ရှေ့ကနှင်းဆီပင်တွေနားမှာ သူမတစ်ယောက်နှင်းဆီပန်းလေးကိုကိုင်ပြီးမွှေးကြည့်နေသည့်ပုံလေးမှာ....ပန်းချီကားတစ်ချပ်အလား....နီရဲပြီးလှပနေသည့် နှင်းဆီနီလေးတောင်သူမရဲ့အလှနဲ့တွေ့တော့မယှဉ်နိုင်ရှာပေ...သူဒီလိုမြင်ကွင်းလေးကိုအမြဲမြင်နေချင်သည်။

"ကျစ်! ငါဘာတွေတွေးမိနေတာလဲ.....မင်းကတော်တော်စိတ်ရှုပ်ဖို့ကောင်းတာပဲနှင်းဆီ"

သူရိန်တစ်ယောက်သူ့စိတ်ကိုသူအစိုးမရသဖြင့်ဒေါ်သထွက်နေမိသည်။ထို့နောက်သူမရှိရာအောက်ထပ်ကိုခြေလှမ်းကျဲကြီးများနှင့်လျှောက်သွားလိုက်ပြီး............တစ်နေရာအရောက်တွင်...

"မမလေးက ဒီရောက်နေတာကိုး"

အေးအေးကသူ့ထက်အရင်ရောက်သွားခြင်းဖြစ်ပြီးသူကတော့ သူတို့နှစ်ယောက်စကားပြောတာကိုအသာရပ်နားထောင်နေမိသည်။

"မမလေးက နှင်းဆီပန်းတွေကြိုက်တာလား"

"ဟုတ်တယ်အေးအေးရဲ့ နှင်းဆီက နှင်းဆီပန်းတွေကိုအရမ်းကြိုက်တယ်... အကြိုက်ဆုံးကတော့ဒီလိုနှင်းဆီနီတွေပေါ့"

"ဒါ့ကြောင့် မမလေးနာမည်ကနှင်းဆီဖြစ်နေတာနေမယ်"

"နာမည်ကတော့နှင်းဆီရဲ့မိဘတွေပေးထားတာပါ....ပြီးတော့မေမေမဆုံးခင်ကနှင်းဆီကိုမှာသွားသေးတယ် ဒီနာမည်ကိုမပြောင်းပစ်ပါနဲ့တဲ့"

"ဘာလို့လဲဟင် မမလေး"

"အဲ့ဒါကိုတော့‌ေမ‌ေမကနှင်းဆီကိုပြောမသွားဘူး...ဒါပေမဲ့နှင်းဆီထင်တယ် မေမေဒီနာမည်ကိုပေးရခြင်းက..နှင်းဆီပန်းဆိုတာ သူ့ကိုသူဆူးတွေနဲ့ခြံရံပြီးကာကွယ်ထားတာလေ....နှင်းဆီကိုလည်းအဲ့ဒီနှင်းဆီပန်းလေးလိုသတ္တိရှိပြီးကို့ကိုယ်ကို ကာကွယ်နိုင်အောင်လို့နေမှာပေါ့....ဒါပေမဲ့နှင်းဆီမှာ အဲ့လိုကာကွယ်နိုင်တဲ့အစွမ်းအစ၊ကို့အတွက်ရွေးချယ်စရာလမ်းလည်းမရှိပါဘူး.... "

ချစ်ရပါသော နှင်းဆီWhere stories live. Discover now