လေယာဉ်ကွင်းတစ်ခု၌ လေယာဉ်ပေါ်မှဆင်းလာသော အမျိုးသမီးသုံးဦး....တစ်ဦးမှာ မြင်ယုံနှင့်ဈေးကြီးမှန်းသိသာေသာအဝတ်အစားများကိုဝတ်ဆင်ထားသော သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး..သူ့နောက်တွင်အဝတ်အစားနွမ်းဖက်ဖက်နဲ့မိန်းမကြီးတစ်ယောက်ဖြစ်သည်။
နောက်တစ်ဦးကတော့ ခေတ်ဆန်ဆန်ဝတ်ထားကာလှပနေသောမိန်းမပျိုတစ်ဦးပင်ဖြစ်သည်။"အန်တီ သူရိန်ကလာကြိုပါ့မလား"
ဒေါ်မြင့်မိုရ်သူ ကထိုမိန်းကလေးကိုကြည့်၍
"လာမှာပါသမီးရဲ့ မနေ့ကအိမ်ကိုဖုန်းဆက်ပြောထားပြီးပြီ"
မနေ့ကသူ့သားဖုန်းကိုဆက်သော်လည်းစက်ပိတ်ထားတာကြောင့် အိမ်ဖုန်းကိုဆက်လိုက်ရခြင်းပင်ဖြစ်သည်။
"ဟော ဟိုမှာသားလာပြီ"
ဒေါ်မြင့်မိုရ်သူပြောတဲ့နေရာကိုကြည့်လိုက်တော့....အနက်ရောင်ရှပ်အကျီကို စတိုင်ပင်အညိုနဲ့တွဲဝတ်ထားကာ အရပ်ရှည်လို့လားမသိ လမ်းလျှောက်လာနေပုံကအများထဲတွင်ထင်းထွက်နေကာ စမတ်ကျလှသည်။မျက်မှန်ကိုညာဘက်လက်ညိုးနှင့်ပင့် ပင့်တင်နေပုံက ပို၍ကြည့်ကောင်းနေပြီး ဘယ်သူ့မှဂရုမစိုက်ဘဲလာနေပုံက မိန်းကလေးများရဲ့အကြည့်ကိုဖမ်းစားနေတော့သည်။"မာမီ သွားရအောင်"
"အေး သား"
"ဒါနဲ့ဒီမိန်းကလေးကဘယ်သူလဲ?"
ထိုမှသူမ ငေးနေရာမှသတိဝင်လာပြီး
"နင် သူရိန်ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ် ဒါနဲ့ဘယ်သူလဲမသိဘူး"
"ငါပါ roseလေ"
"ဘာ!"
သူမသည်အခြားသူမဟုတ် သူ့ရဲ့ရည်းစားဟောင်းဖြစ်သည်။မတွေ့တာလည်းကြာ သူမကလည်းပြောင်းလဲသွားတော့ မမှတ်မိတာဖြစ်သည်။သူမအပေါ်မှာတော့ မုန်းနေဆဲပင်...
"သား မာမီတို့သွားရအောင်လေ"
"သူကရော?"
"အော် သမီးကိုလည်းအတူခေါ်သွားကြတာပေါ့"
ကျစ်!
သူ မကြည်ဖြူတဲ့ပုံစံတမင်လုပ်ပြလိုက်သည်။
![](https://img.wattpad.com/cover/368647514-288-k283392.jpg)
YOU ARE READING
ချစ်ရပါသော နှင်းဆီ
Romanceယခုဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည် ပထမဆုံးရေးတဲ့ဇာတ်လမ်းမို့လို့ အမှားတစ်စုံတစ်ရာများပါရင်လည်း ခွင့်လွှတ်ပေးကြပါလို့တောင်းဆိုအပ်ပါသည်။18+scene များပါသောကြောင့် အသက်18ပြည့်ပြီးမှဖတ်ကြရန်လည်းတောင်းဆိုအပ်ပါသည်။