အခန်း ၃၁

5.8K 738 103
                                    

Unicode

ညသည်နက်လာလေ အအေးဓါတ်သည်ကဲလာလေ။ ရှမ်းတောင်တန်းတို့သည် လအလင်းရောင်အောက်ခပ်မှိန်မှိန်ဖြဖြနေရာယူ၏ စခန်းအနောက်ဘက်လမ်းမှ တောင်ကြားတစ်လျှောက်ဆင်းလာသည့် သျှားက စခန်းထဲ မပြန်ချင်သေးလို ဖြစ်သည်။ ဒီလို အချိန်စခန်းထဲက ထွက်ချင်တိုင်းထွက်လို့ ရတဲ့သူက သိပ်များများစားစားမရှိ။ လုံခြုံ‌ရေးတင်းကြပ်သည့် အခြေအနေဖြစ်ပေမယ့် သျှားကတော့ သျှားဖြစ်နေလို့ ဒီလို ထွက်လာခဲ့လို့ရတာ။ ဦးမာန်မေးလျှင်ဖြေနိုင်ဖို့ ကိုကျော်စွာဆီကတော့ခွင့်ပြုချက်ကြိုးတောင်းရသည်။

ဒီရက်ပိုင်း ဦးမာန်အခန်းက မီးမပိတ်မချင်း သျှားပင်မဆောင်ဆီမတက်ဘဲဝေ့နေတာဖြစ်၏ ဒီနေ့လည်း အောက်ထပ်တစ်ခုလုံးမီးလင်းနေဆဲမို့ အခန်းပြန်ဖို့ မလုပ်ဘဲသျှားတစ်ယောက် ယောင်ချာချာနှင့်အပြင်ရောက်လာ၏

ဆရာလေးဆီက အကြောင်းအရာတချိုကို ကြားလာရပြီးတည်းက သျှားက ဦးမာန်ကိုရှောင်နေခဲ့တာ။ ဘာဖြစ်လိုလဲဆိုသည့် အကြောင်းပြချက်ကို ပြန်တွေးမိတော့ ကလေးဆန်လွန်းသည် ကိုယ့်ကိုယ်ကို ဟက်ခနဲတစ်ချက်ရီလိုက်မိသည်။

သျှားက ဦးမာန်ဆီက ငြင်းခံရမှာကြောက်နေခဲ့လို။ ဦးမာန်ရဲ့ဒဏ်ရာဟောင်းတွေကိုသိခဲ့ရသည့် သျှားက ဦးမာန်ကို မြင်တိုင်းရင်ဘတ်ထဲထိထွင်းဖောက်မြင်နေရလို့။ ချစ်ရသူက တခြားသူတစ်ယောက်အတွက် နာကျင်နေတယ်ဆိုတာကိုသိရတာက သျှားကို အဆမတန်ပိုပြီးနာကျင်စေသည်လေ။

လရောင်နဲ့ကြယ်ရောင်ဖျဖျကြောင့် တောင်ကြားလမ်းထဲ ငွေရောင်အလင်းတို့ကသဲ့သဲ့။ အမှောင်ထုတွေထဲနေသားကျအောင် လေ့ကျင့်ထားရသည့် မျက်လုံးတွေကြောင့်ရော ကျွမ်းကျင်သည့် လမ်းကြောင်းတို့ကြောင့်ခြေလှမ်းတွေကမခက်ခဲ။ သို့သော် နှလုံးသားဆိုင်ရာခြေလှမ်းတို့က ရှေ့ဆက်တိုးဖို့ခက်ခဲလွန်းနေ၏ ဦးမာန်နဲ့ပတ်သတ်သည့် ဘာသာဗေဒကို သျှားမကျွမ်းကျင်သေးလို့ ဖြစ်လောက်သည်။

ခြေလှမ်းတို့ လှမ်းလာရင်းမှ စခန်းနှင့် အနည်းငယ်လှမ်းသည့်နေရာသို့ရောက်လာသည်ကြောင့်  နောက်ကြောင်းပြန်လှည့်ဖို့ သျှား လုပ်လိုက်တုန်း မျက်လုံးထောင့်ကရိပ်ခနဲ မြင်လိုက်သည့် မူမမှန်မှု။ လက်က အလို အလျှောက် ခါးက သေနတ်ဆီ ရောက်သွားပြီး အမှောင်ထုထဲခပ်စူးစူးစိုက်ကြည့်လိုက်သည်။ ခြေလှမ်းတွေကို တစ်လှမ်းချင်း သတိနှင့် ရှေ့ဆက်တိုးတော့ ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည့် မြက်ရိုင်းရှည်တွေကြောင့်  ခါးကြားကသေနတ်ကို ဆတ်ခနဲဆွဲထုတ်ပြီး ကောက်ချိန်လိုက်သည်။

Smile Sparkle ShineWhere stories live. Discover now