14

20.6K 216 30
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 14

နှင်းနေကောင်းသည့်အခါ မင်းအဏ္ဍဝါက အရင်တိုင်း ထမင်းဟင်းချက်တာတွေပြန်ခိုင်းသည်။ နုနုဖက်ဖက်လေးနှင့် ချက်ပြုတ်နေသည့် နှင်းကို သူက တစ်ခါတလေ စိတ်တိုတက်သေး၏။ သို့သော် သူအလုပ်များနေ၍ အရင်ကလောက် ဆူငေါက်တာမျိုး သိပ်မလုပ်နိုင်ပေ။

"ကျုပ်အပြင်သွားမလို့ မင်းဘာသာကြည့်ကျက်ပြီးချက်စားလိုက်"

နှင်းအဆင်ပြေသလို ချက်စားရအောင် သူသင်ပေးထားသည့် ဟင်းလောက်သာ ချက်တတ်လေသည်။ ထို့ကြောင့် သူ အလုပ်များနေသည့်နေ့ရက်တွေမှာ ကြက်ဥကြော်နဲ့သာ စားရလေသည်။ ထမင်းစားလျှင် အရည်သောက်မပါဘဲ မစားတတ်သည့်နှင်းမှာ ရေလေးတစ်ခွက်ကို ခပ်ထားပြီး ထမင်းစားရ၏။

ညဘက်တွေမှ ပြန်ပြန်လာတတ်သည့်သူ့ကို နှင်းနေ့တိုင်း မအိပ်ဘဲစောင့်ရသည်။ တိုက်ခန်းမှာ တစ်ယောက်ထဲနေနေခဲ့ရတာကို ကြောက်မှန်းသိလျှက် သူကလည်း ထားရစ်ခဲ့သည်။ တစ်ခါမှ အပြင်ကိုမခေါ်ပေ။

"ကျွီ...."

တံခါးဖွင့်သံကြားလိုက်၍ အမြန်ပြေးသွားလိုက်၏။

"အကို...."

နှင်းသွားကြည့်တော့ သူက လက်ထဲမှာ အထုတ်တွေနှင့် ဝင်လာ၏။

"မင်း ဘာစားပြီးပြီလဲ"

"ထမင်းစားထားတယ်။"

"ဘာနဲ့လည်း။"

"ကြက်ဥကြော်နဲ့"

သူဘာမှဆက်မပြောဘဲ လက်ထဲကအထုတ်တွေပေးလိုက်၏။

"ရော့...မင်းစားဖို့။ မနက်စာကို ကြက်ဥပြုတ်နဲ့အိုဗာတင်းစားနေကြမလား။ကုန်နေပြီထင်လို့"

စိတ်ကောင်းဝင်နေ၍လားမသိ။ သူက နှင်း မမှာရသေးဘဲဝယ်လာပေးသည်။ ထို့နောက် သူ့အခန်းထဲဝင်သွား၏။ နှင်း အထုတ်လေးနောက်မှာသွားထားပြီး သူ့နောက်ကိုလိုက်လာခဲ့လိုက်သည်။

"အကို...."

နှင်းဝင်သွားတော့ သူက ရေချိုးဖို့ပြင်ရင်းလှည့်ကြည့်၏။

"ဘာလဲ"

"အကို စားလာခဲ့ပြီးပြီလား"

"ဘာကိုလဲ"

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now