20

21.3K 298 50
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း part 20

နူးညံ့ခြင်း မရှိသည့် မင်းအဏ္ဍဝါ၏ စကားတွေဟာ နှင်းအတွက် ကြားနေကြဖြစ်သလို သူ့အပြုအမူတွေ တဖြည်းဖြည်းကြမ်းလာသည်ကလည်း အခုဆို နှင်းအတွက်ရင်းနှီးသလို ဖြစ်လာတော့မည်။ ညက သူ့ကို မြူဆွယ်မိသည်ကို နှင်းလန့်နေမိသည်။ နောက်ခါဆိုရင် နောက်ကိုပါပေးရမည်ဟု သူက ချိန်းခြောက်ထား၍ နှင်းမှာ သူ့ကို ထပ်မြူဆွယ်ဖို့တောင် မရဲတော့ပေ။

ညကလည်း သူကျေနပ်တဲ့အထိ ပေးလိုက်ပေမဲ့ နှင်းတစ်ခါမှ မကြုံဖူးသည့် ကိစ္စတို့ကိုပါ လုပ်လိုက်၍ သူ့ကို လန့်နေမိ၏။

"နှင်းငွေ့ဖြူ"

မနက်အစောကြီး အခန်းရှေ့ကနေ ခေါ်သံကြား၍ နှင်း လန့်နေမိသည်။ အလုပ်သွားခါနီး ထုံးစံအတိုင်း တောင်းဦးမှာလားဟု တွေးမိကာ ရင်ထဲလှပ်ခနဲဖြစ်သွား၏။ ညက သူတအားတွေ လုပ်ထား၍ ရှေ့ရော နောက်ပါ နေရခက်နေတုန်းဖြစ်သည်။ မနက်အစောကြီး ထပ်တောင်းလျှင်ဆိုသည့် အတွေးဖြင့် နှင်း ဖျားချင်သလို ဖြစ်နေမိသည်။

"နှင်းငွေ့ဖြူ...ကျုပ်ခေါ်နေတာ မကြားဘူးလား။"

"လာပြီ...ကို"

နှင်းမှာ ညက အတိုင်း သူ့ရှပ်အင်္ကျီတစ်ထည်ထဲဖြင့် ရှိနေသေး၏။ ပေါင်လေးတကားကားဖြင့် ထွက်လာသည့်အခါ မင်းအဏ္ဍဝါ တစ်ချက်ကြည့်လိုက်သည်။ နှင်း သူ့အကြည့်တွေကို လွှဲပြီး တတ်နိုင်သမျှ ခြေထောက်လေးကို မတ်မတ်လေးရပ်ထားလိုက်၏။

"ကျုပ် အလုပ်သွားတော့မယ်။ မင်းအစ်ကိုကို ဖိတ်ခိုင်းထားတဲ့ ကိစ္စဖိတ်ပြီးပြီလား"

"ဟုတ်...ဖိတ်ပြီးပြီကို။"

"ဘာတဲ့လဲ..."

"ကိုကိုက လာမယ်တဲ့"

မင်းအဏ္ဍဝါမှာ ကျေနပ်သည့်အပြုံးတို့ ပြုံးလိုက်လေသည်။ ဘာကြောင့်လဲဆိုလျှင် ပြည့်ကျော်နဲ့ ကျော်စွာတို့နဲ့သူ လောင်းထားတာ သူနိုင်တော့မှာ ဖြစ်သည်။

လောင်းကြေးမများသော်လည်း သူ နိုင်တော့မည်မို့ ကျေနပ်သွား၏။ ပြီးမှ နှင်းကို ကြည့်မိသည့်အခါ ညက ပုံစံအတိုင်းမြင်လိုက်ရ၍ သူ နူတ်ခမ်းလေးတစ်ခြမ်းမဲ့လိုက်မိသည်။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now