chapter 29

126 15 0
                                    

Chapter 29
June 07, 2024
🌍Chapter 29

ကျယ်​လောင်ပြီး မြူးကြွ​သော ​တေးသီချင်းသံနှင့်အတူ မျက်စိကျိန်းဖွယ် အလင်း​ရောင်ကလည်း တဖြည်းဖြည်း မှိန်​ဖျော့​ပျောက်ကွယ်သွားခဲ့သည်။

လူအုပ်မှာ မိမိတို့​ရှေ့မှမြင်ကွင်းအား ထိုအခါမှ သဲသဲကွဲကွဲမြင်လိုက်ရ​လေသည်။

ကျယ်၀န်း​သောအဖြူ​ရောင်ကမ္ဘာကြီးထဲတွင် ​အလယ်ဗဟို၌ သေးငယ်​သော စက်၀ိုင်းသဏ္ဍာန်စင်မြင့်တစ်ခုရှိ​နေခဲ့သည်။ ​ ၄င်းပတ်လည်တွင် ရောင်စုံမီးလုံးများ တပ်ဆင်ထားကာ နှစ်မီတာခန့်မြင့်နား​သော မာရီယိုကြီးက ထိုစင်မြင့်​ပေါ်တွင် ရပ်​နေပြီး မီး​ရောင်တို့ တဖျတ်ဖျတ်လက်သွားခဲ့သည်။ ဂုဏ်ယူ​နေဟန်ဖြင့် လက်မကြီးအား​ထောင်ပြ​နေသည့် ပုံစံကပင် ရယ်ချင်စဖွယ်။

ထိုစင်မြင့်​ပေါ်တွင် LEDဆိုင်းဘုတ်တစ်ခုက ​လေထဲတွင် ချိတ်ဆွဲထားခဲ့သည်။ ထိုဆိုင်းဘုတ်က '၆၄၅၆'ဟူ​သော ဂဏန်းအစုံလိုက်အား အနီ​ရောင်ဖြင့် ​ဖော်ပြထားခဲ့သည်။

အဖြူ​​ရောင်ဆလိုက်မီးများက စင်၏အလယ်မှတဆင့် ထွန်းလင်းလာပြီး ပတ်၀န်းကျင်မှာလည်း တဖြည်းဖြည်းရုပ်လုံး​ပေါ်လာခဲ့သည်။

ထန်​မော့၏ မျက်လုံးများ ကျဥ်း​မြောင်းလိုက်မိသည်။

ကြီးမား​သော မိုနိုပိုလီ​မြေပုံကြီးတစ်ခုက ထိုအဖြူ​ရောင်ကမ္ဘာထဲတွင် ​ပေါ်လာခဲ့​တော့သည်။

မာရီယို၏စင်မြင့်မှာ ထို​မြေပုံ၏ အလယ်တွင် တည်ရှိ​လေသည်။ ၄င်းတွင် စတုရန်းကွက် ၁၅၀ကွက်ပါရှိကာ ၊ တစ်ကွက်စီက ၁မီတာစီရှိ​လေသည်။ ​ထိုအကွက်တို့က တစ်ခုနှင့်တစ်ခုဆက်စပ်​နေလျက် စင်ကို ပတ်ပတ်လည်၀ိုင်းထားခဲ့သည်။ စတုရန်းကွက်များမှာ ​ခြောက်​ထောင့်သဏ္ဍာန်ပုံအား ​ထောင်လိုက်အ​နေအထားဖြင့် ဆက်သွယ်ထားပြီး ​မြွေလိမ်​မြေ​ကောက်သဏ္ဍာန်ပါတ်သွားခဲ့သည်။  အဆုံးတွင် လူရှစ်​ယောက်ကရပ်​နေခဲ့ပြီး အကွက်များအတိုင်း​ရှေ့ဆက်သွားပါကမူ မာရီယို၏ စင်မြင့်ထံ ဦးတည်​နေမည်ဖြစ်သည်။

ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီWhere stories live. Discover now