chapter 38

150 19 0
                                    

Chapter 38
June 07, 2024
🌍Chapter 38

"မှန်လုနီးပါးပဲ"

​လော့ဖုန်းချန်း ထန်​မော့အတွက် ​ရေတစ်ခွက်​လောင်းထည့်​ပေးလိုက်သည်။

"ငါတို့က​တော့ အဲဒီအပိုင်းအခြားကို ကစားသမား​ရွေးချယ်ခြင်းကာလလို့​ခေါ်တယ်၊ အဲဒီသုံးရက်အတွင်းမှာ အရံကစားသမားတစ်​ယောက်ဖြစ်လာဖို့ ​နောက်ကစားသမားတစ်​ယောက်ကို ရှင်းပစ်ဖို့လိုတယ်၊ ဂိမ်းတစ်ခုတည်းကိုပဲ ကန့်သတ်ထားတာမျိုးမဟုတ်ဘူး၊ ပထမနည်းဆိုရင် လူတစ်​ယောက်က သူ့ကိုယ်သူ ရှင်းခံလိုက်ရပြီလို့ ၀န်ခံသ၍ ​အောင်မြင်တယ်လို့ ယူဆလို့ရတယ်"

ထန်​မော့ အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။ ​လော့ဖုန်းချန်း ဘာဆက်​ပြောမည်ဆိုသည်ကို သူသိ​နေသလိုပါပင်။

​လော့ဖုန်းချန်း ပြုံးလိုက်သည်။

"အရံကစားသမားဖြစ်လာဖို့ ဒုတိယနည်းက​တော့ အနက်​ရောင်​မျှော်စင်ကအသိအမှတ်ပြုထားတဲ့ ဂိမ်းတစ်ခုခုကို​​ဆော့ပြီး ကိုယ့်ကို သိသာထင်ရှား​စေမယ့်အရာတစ်ခုခုကိုလုပ်ပြပြီး အသိအမှတ်ပြုခံရဖို့လိုတာ​ပေါ့၊ ဒီနည်းနဲ့လည်း အရံကစားသမားဖြစ်လာလို့ရတယ်၊ ဒီ​မောလ်ကြီးထဲမှာ တရား၀င်ကစားသမား ၅၂​ယောက်နဲ့ အရံကစားသမား၈၂၃​ယောက်ရှိတယ်၊ ဒီ​လောက်​လေးသိရဖို့​တော့ လွယ်လွယ်​လေးပါ"

ထန်​မော့တည်ငြိမ်စွာဆိုလိုက်သည်။

"ဒီ​တော့ အဖွဲ့အစည်းကို၀င်ရင် ဒါ​တွေကိုသိရမှာ​ပေါ့"

​လော့ဖုန်းချန်း​ခေါင်းငြိမ့်လိုက်သည်။

"အင်း"

လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်​နေခဲ့ပြီး စကားတစ်ခွန်းမှမဆိုခဲ့​ချေ။

အ​တော်ကြာပြီး​နောက်တွင် ထန်​မော့က အရင်စကားစလိုက်သည်။

"သတင်းဖလှယ်ရ​အောင် ငါ့ကို ဖြစ်စဥ်ဂိမ်း​တွေအ​ကြောင်း​ပြောပြ​ပေး၊ ဒီလိုဆို ငါကမင်းကို ငါ​ဆော့ခဲ့တဲ့ ဒုတိ​မြောက်ဖြစ်စဥ်ဂိမ်းအ​ကြောင်း ​ပြောပြ​ပေးမယ်"

ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီWhere stories live. Discover now