chapter 34

89 14 0
                                    

Chapter 34
June 07, 2024
🌍Chapter 34

ထက်မြက်သူအချင်းချင်း​ပြောဆိုရသည်က သိပ်အားစိုက်ထုတ်စရာမလို​​ချေ။ ထန်​မော့က ဖူ၀မ်သော်အား ဂိမ်းသိမ်းမှတ်ဖွင့်​ပေးဖို့​တောင်းဆိုလိုက်သည်။

၃စက္ကန့်ကြာပြီး​နောက် ကြက်ဆင်ဥ​ပေါ်မှ 'S'သဏ္ဍာန်မှာ တဖြတ်ဖြတ်လင်းလာသည်ကို ​တွေ့လိုက်ရ​တော့သည်။

သူ၏​​ခေါင်းထဲတွင် အမျိုးသားတစ်ဦး၏အသံက

တီးတိုးဆို​နေခဲ့သည်။

"ဒါက ၁နာရီကြာလိမ့်မယ်၊ အချ်န်ပြည့်တာနဲ့ သိမ်းမှတ်ကအလိုလိုပျက်သွားလိမ့်မယ်၊ သိမ်းဖို့က အခွင့်အ​ရေးတစ်ခါပဲရှိမယ်"

"အင်း ​ကျေးဇူးပါပ​ဲ"

ဖူ၀မ်သော်၏စကားများမှာ ရှင်းလင်းပြီး ကြက်ဆင်ဥ၏အသုံးပြုပုံကို အကျဥ်းချုပ်ရှင်းပြ​ပေးခဲ့သည်။ သူ၏အသံကို ထန်​မော့သာလျှင်ကြားနိုင်​လေသည်။မာရီယိုနှင့် တခြား၂​ယောက်၏ မျက်လုံးထဲတွင်​တော့ ထန်​မော့ရုတ်ချည်းတိတ်ဆိတ်သွားသည်ကိုသာ ​တွေ့လိုက်ရသည်။ မာရီယိုမှာ စိတ်မရှည်​​တော့​ချေ။

"က​လေး မင်းဒီဂိမ်းကိုမကြိုက်ဘူးလား ၊ ဦးဦးမာရီယိုနဲ့မ​ဆော့ချင်လို့လား၊ ဘာလို့အခုထိ ခုန်မယ့်အကွက်ကို မ​ရွေး​သေးတာလဲ"

ထန်​မော့ ကြက်ဆင်ဥအားသူ၏အိတ်ထဲတွင် တည်ငြိမ်စွာပြန်ထည့်လိုက်ပြီး မနီးမ​ဝေးမှ ကြီးမား​သော မာရီယိုကြီးကိုကြည့်လိုက်သည်။

"ကျွန်​တော်စဥ်းစား​နေတာ၊ ၆၄၅၆​ယောက်ဒီဂိမ်းကို​ဆော့ခဲ့ဖူးတယ်၊ အကွက်လည်း ၁၅၀ပဲရှိတာကို ဘယ်သူမှဂိမ်းကိုမရှင်းနိုင်ခဲ့ဘူး။ ဒါက​တော့ ပုံမှန်မဖြစ်နိုင်ဘူး​လေ"

မာရီယိုက ​နှေး​ကွေးစွာ မျက်​တောင်ခတ်လိုက်ပြီး

"ချစ်စရာက​လေး​လေးဘာ​ပြော​နေသလဲ ဦးဦးဖြင့်နားမလည်ပါဘူး၊ ခုန်မယ့်အကွက်ကိုပဲ ​ရွေးလိုက်​နော်"

ထန်​မော့၏​​နောက်မှ ဘီယာဗိုက်နှင့်​ယောကျာ်းမှာလည်း စိတ်မရှည်စွာနှင့် ​အော်ဟစ်လာခဲ့သည်။

ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီWhere stories live. Discover now