My Heart Beats...

4.3K 159 6
                                    

Chapter(1)

Spring 2001

သာယာလှသော Myrtle ကမ်းခြေ လေးတွင် လူအများစည်ကားလှသည်မှာ မထူးဆန်းပေ။ သာယာလှသည်မှာလည်း ပြောစရာမလို။

Jongin တစ်ယောက် တပ်ထဲက ပြန်ထွက်ကတည်းက ဒီကို ရောက်ရောက်ချင်း ရေပဲကူးနေမိတာ။ သုံးနှစ်လုံးလုံး ပင် ပန်းခဲ့ရသမျှ ဒီရောက်မှ အနားယူရတာလေ။ ရေကူးလိုက်တာနဲ့တင် လူက လန်းဆန်းသွားသလိုလို။

ရေကူးတာလည်း နည်းနည်းကြာနေပြီမို့ ကုန်းပေါ်ပြန်တက်လာလိုက်သည်။ ဒီနေ့ညလည်း အိပ်လို့ကောင်းမယ်ထင် ပါတယ်။ လက်မောင်းတွေလည်း နာနေပြီလေ။

ကမ်းစပ်က ကျောက်တုံးလေးပေါ်တွင် တင် ထားခဲ့သော အ နွေးထည်ကို ယူကာ ခဏတာ အနားယူရန် အနီးအနားတွင် ရှိသော တံတားလေးပေါ်သို့ တက်လာခဲ့သည်။

"လှလိုက်တာ!"

သူ ကမ်းခြေ View ကြည့်တဲ့ တံတားပေါ်မှာ သူ ခဏတာ အနားယူနေစဉ် အုပ်စုတစ်စု ရောက်လာသည်။

"Baekhyun ah! ဟို နေရာက မလှဘူးလား?"

လက်ညှိုးတစ်ထိုးထိုးနှင့်ပြောနေ သော ကောင် မ လေးတစ်ယောက်ဆီသို့ သူ၏ အကြည့်များက ရောက်သွားသည်။

ချစ်စရာကောင်းတဲ့ ခပ်ပြူးပြူးမျက်လုံးလေးတွေနဲ့။ ဂါဝန်အဖြူရောင်လေးနှင့် ဘောင်းဘီတိုလေး က သူမနှင့် အလွန်လိုက်ဖက်လှသည်။ ဘေးတိုက်မြင်နေရတာမို့ မျက်နှာတစ်ခုလုံးကို မမြင် ရ သေး။

သူ အကြည့်လွှဲပြီး ကိုယ့်လမ်းကိုယ်သွားဖို့ လုပ်လိုက်ပေမယ့် စိတ်သွားတိုင်းတော့ ကိုယ်မပါ။

ထိုစဉ် ထိုကောင် မ လေး၏ လက်ထဲတွင် ကိုင် ထားသော အပြာရောင် အိတ်က လေးက ရေထဲသို့ ပြုတ်ကျသွားသည်။

"Chanyeol, နင် ဘယ်လိုလုပ်လိုက်တာလဲ?"

နောက်တော့ သူတို့အုပ်စုထဲမှ နားရွက်ကားကား အရပ် ရှည် ရှည်နှင့်ကောင်လေးက အကျီ င်္ကို ချွတ်လိုက်ပြီး

"Soo, ဘာမှ စိတ်မပူနဲ့။ ငါ ကောက်ပေးမယ်။"

ပြောလည်းပြော၊ ထိုကောင်လေးက ရေထဲသို့ ဆင်းရန်အပြင်...

Dear My Dear,...Where stories live. Discover now