Letters...

707 63 1
                                    

Chapter(4)

Jongin သူ့ရဲ့ Appa နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး

"ဒါဆို ကျွန်တော် သွားတော့မယ်နော်, Appa"

ကြည့်ပါဦး။ ဒါလား နှစ်ယောက်တည်း ရှိတဲ့ သားအဖဆက်ဆံရေး…

ကောင်းပါတယ်။ အ ဖေတစ်ခု၊ သားတစ်ခုဆိုတာ ဒါမျိုးကိုပြောတာနေမှာ။ ဒါကိုသိရက်နဲ့တင် သူ့ဘက်ကလည်း ကိုယ့်ဖခင် ကို ဘာမှဖလဲတခင်း မရှိခဲ့ဘူးလေ။ ငူငူကြီးပဲ နေတတ်တဲ့ ရေခဲတုံးလို သမုတ်ချင် လည်း သမုတ်ကြပါတော့။ အထိမ်းအကွပ်မရှိတဲ့ မာနကို လက်စွဲထားတဲ့ Kim Jong In ကိုပဲ အပြစ်တင်ကြပါတော့။

သူ ကားပေါ်ကိုတက်သွားလိုက်ကာ လွတ်နေ သော နေရာတစ်ခုတွင် ဝင် ထိုင် လိုက်သည်။ အပြင် တွင်တော့ Appa က သူ့ကိုကြည့်နေသည်။

"Hey, Kai… မင်းရဲ့ နားရက်က ဘယ်လိုလဲ"

ရုတ်တရက် အပြင် ကိုကြည့်နေရင်း ဘေးမှ ကြားလိုက် ရတဲ့ အသံကြောင့် Jongin ဘေးဘီကိုကြည့်လိုက်မိတော့

"Sehun…"

Jongin ဖြူဖွေးနေသည့် သွားလေးတွေ ပေါ်အောင် ပြုံးလိုက်ကာ Sehun ကို ဖက်လိုက်သည်။

ပြုံးတယ်ဆိုလို့ သူ့ကို ကုတ်ကမြင်းလို့ မထင်ကြလိုက်နဲ့ဦး။ သူက သူ့သူငယ်ချင်းဖြစ်တဲ့ Sehun ရယ် တစ်ဦးတည်းသော ချစ် သူဖြစ်တဲ့ Soo ရှေ့မှာပဲ အားရပါးရပြုံးတာ

"မင်းကော ဘယ်လိုလဲ, Luhan Hyung နဲ့ အဆင်ပြေသွားပြီလား"

Jongin ဖက်ထားရာမှ လွှတ်ကာ မေးလိုက်သည်။

ထိုမေးခွန်းကို Sehun က တော်တော်နဲ့မ ဖြေဘဲ အင်းအဲလုပ်နေ သေးသည်။ နောက်မှ

"ဟင့်အင်း။ ငါ ပြန်ရောက်တော့ သူ England ကို ပညာတော်သင် သွားပြီတဲ့။ ဒါပေမယ့် ငါ ဒီတစ်ခေါက်တာဝန်ပြီးဆုံးချိန်ဆိုရင်တော့ သူပြန်ရောက်လောက်ပြီလို့ သူ့အစ်ကိုက ပြောတာပဲ။"

ပြောရင်းနှင့် အလွန်မျက်နှာပျက်နေ သော Sehun ကို ကြည့်ကာ သူလည်း ထပ်တူထပ်မျှ စိတ်မ ကောင်းဖြစ်မိသည်။

တစ်ယောက်နှင့်တစ်ယောက် စရင်း နောက် ရင်းက နေ လမ်းခွဲဖို့အထိဖြစ်သွားတဲ့ ချစ်သူနှစ်ယောက်…

Dear My Dear,...Where stories live. Discover now