Our Love

1.1K 81 4
                                    

Chapter(2)

Jongin တစ်ယောက် အိမ်အပြန်လမ်းတွင် Soo နှင့် အတူရှိခဲ့သည့် အချိန်များကို ပြန်တွေးကာ ပြုံးနေမိသည်။ Jongin ဒီကောင် မ လေးကို သ ဘောတော့ ကျမိသည်ဆိုတာတော့ ဝင် ခံပါသည်။

တီ…တီ!

လမ်းလျှောက်နေစဉ် အ နောက်မှ ကားဟွန်းတီးသံကြောင့် လှည့်ကြည့်လိုက်တော့

"Jongin sshi!!"

Choi Min Ho Arjushi ပါ။ ဘေးခုံတွင် လည်း သူ၏သားလေး Min Young.

"ကျွန်တော်လိုက်ပို့ပေးမယ်လေ။ လိုက်ခဲ့ပါလား။"

Jongin ခေါင်းကိုခါပြလိုက်ပြီး

"ရပါတယ်။ မလိုက်တော့ပါဘူး။ လမ်းလျှောက်နေကျ မို့လို့ပါ။"

"လိုက်ခဲ့ပါ။ လူမျိုးအချင်းချင်း ကူညီတယ်လို့ သ ဘောထားလိုက်ပေါ့။"

နောက်တော့ Jongin လည်း ငြင်းရမှာ အားနာတာနဲ့ Min Ho Arjushi ရဲ့ ကားနှင့်ပဲ လိုက်လာခဲ့သည်။

"Min Young ah…, Appa ကားမောင်းနေတာကို ဘေးက မ နှောင့်ယှက် ရဘူးလေ။"

ပြောသာပြောလိုက်ပေမယ့် Min Young က တော့ နားထောင် သည်မဟုတ်။ သူ လုပ်နေသည့် အလုပ်ကိုသာ ဆက်လုပ်နေသည်။

"Min Young ah, Hyung နဲ့ ကစားမလား"

Jongin ရဲ့ Personality က သိတဲ့အတိုင်း အသက်ငယ်ငယ် ရွယ် ရွယ်လေးတွေနဲ့ နီးနီးကပ်ကပ်နေတတ်တဲ့သူ မဟုတ်ဘူး။ အဆုံးစွန်ပြောရရင် တစ်ဘဝလုံးမှာ Jongin စကား အများဆုံးပြောဖူးတဲ့ မိန်းက လေးက Soo ပဲ ဖြစ်မည်ထင်။

ကံကောင်းစွာနှင့်ပင် Min Young က Jongin ဘက်ကိုလှည့်လာပြီး Jongin ပေါင်ပေါ်သို့ တက်ထိုင် လိုက်သည်။

"Min Young ah, Jongin Hyung ကို အဲဒီ့လို မလုပ်နဲ့လေ။ လာ! အခုချက်ချင်းပြန်ဆင်း!"

"ရပါတယ်။ ကားကိုပဲ ဂရုစိုက်မောင်းပါ။ ကျွန်တော် Min Young လေးကို ထိန်းလိုက်ပါ့မယ်။"

"အားနာလိုက်တာဗျာ…ဒါဆိုလည်း ခဏ တော့ ထိန်းပေးထားပါနော်။"

Jongin လည်း အိမ်ကို မ ရောက်မချင်း Min Young လေးနှင့် ကားပေါ်တွင် မ ဖော်ပြုပြီးနေခဲ့သည်။

"ဟိုရှေ့မှာပဲ ရပ်ပေးပါ။"

Minho Arjushi လည်း ကားရပ်ပေးလိုက်သည်။

Dear My Dear,...Where stories live. Discover now