Can't do anything anymore

818 65 0
                                    

Chapter(10)

လောကမှာ ကိုယ့်ကို အရက်စက်ဆုံးအရာကို ပြောပါဆိုရင် …

အချစ်လို့ ပြောရမယ်။

လောကမှာ ကိုယ့်ကို အရက်စက်ဆုံးလူကိုပြောပါဆိုရင်တော့ …

Soo …

အဲဒါမင်းပဲ …

တကယ်ကို မင်းကိုယ့်ကိုရက်စက်တယ်။ ဘာကြောင့်နဲ့မှ ဒီလိုဖြစ်သွားမယ်လို့ ကိုယ်မထင် ခဲ့ဘူး …

အစပိုင်းမှာသာယာခဲ့တဲ့ ကိုယ်တို့ရဲ့ အချစ်ခရီးလမ်းလေးက တဖြည်းဖြည်းနဲ့ ဆူးငြောင့်ခလုတ်တွေ ရှိလာတယ်။

ဘာလို့မှ Minho Ahjushi လဲ။ Park Chan Yeol ဆိုတဲ့ ကိုယ်အမုန်းဆုံးသူ ဖြစ်သွားတာမှ ကောင်းဦးမယ်။

"Jongin … "

သူ၏နာမည်ကို ခေါ်သံကြောင့် သူ လှည့်ကြည့်လိုက်ပါသည်။ ဒီတစ်ခါတော့ Soo ကို ကြည့်တဲ့အကြည့်တွေက လွန်ခဲ့တဲ့ တစ်မိနစ်၊ နှစ်မိနစ်လောက်ကနဲ့တောင် မှ မတူတော့။

"ဘာဖြစ်လို့လဲ … နေ မ ကောင်းလို့လား" ပြောရင်းနဲ့ သူ့ရဲ့ နဖူးကို လာစမ်းတဲ့ Soo ရဲ့ လက်ကို သူ ခပ်ဖြည်းဖြည်း ခါချလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ ကိုယ်မေးစရာ ရှိလို့ … "

သူပြောလိုက်တော့ Soo က မေးလေဆိုသည့် ပုံစံနှင့် လုပ်ပြသည်။

"အားနာပေမယ့် … Soo နဲ့ လက်ထပ်လိုက်တဲ့သူက … Minho Ahjushi လား"

သူမေးလိုက်သည့်အချိန်တွင် Soo ၏ မျက်နှာ သိသိသာသာပျက်ယွင်းသွားသည်ကို Jongin မြင်ဖြစ်အောင် မြင် သွားသေးသည်။

"အင်း … Soo Ahjushi နဲ့ လက်ထပ်လိုက်တာပါ။"

Jongin ဘာမှပင် ပြောနိုင်ချေမရှိတော့။ ဒီလို ကိုယ့်ကို ရက်စက်တတ်တဲ့ Soo ကို မုန်းလို့မရလို့သာ …

"ဒါနဲ့ Jongin … Ahjushi က Jongin နဲ့ တွေ့ချင် တယ်ဆိုလို့ တကယ်လို့ အချိန် ရှိမယ်ဆိုရင် ဆေးရုံကိုလိုက်ခဲ့ပေးလို့ ရမလား။"

ဘယ်လို ငြင်းရမှာလဲ … ဘယ်လို အစွမ်းနဲ့ မင်းပြောတာမှန်သမျှကို ငြင်းရက်မှာလဲ Do Kyung Soo …

ပြောလေ ဘယ်လို စွမ်းအင် မျိုးနဲ့ ငြင်းရမလဲဆိုတာကို။

"အင်း။ လိုက်ခဲ့ပါ့မယ်။"

Dear My Dear,...Where stories live. Discover now