You're always in my mind

590 46 2
                                    

Chapter(7)

အဲဒီ့အချိန်...

နောက်ဆုံးအချိန်လို့တောင် သတ်မှတ်ထားတဲ့ အချိန်...

စိတ်ထဲကို တွေးတော မိအောင် ရောက်လာတဲ့ အရာတွေက Coin ဆိုတဲ့ အရာတွေပါ။

စိတ်ထဲမှာ ကိုယ်ပေါ်ကိုတောင် အဲဒါတွေ ပစ်ချနေသလိုပါပဲ။

ဒါပေမယ့် အဲဒီ့လို နောက်ဆုံးအချိန်မှာတောင် မြင် မိတာ...

မင်းပါပဲ။

_____________________________________

Jongin တစ်ယောက်ကို အခုတ လော Sehun သိပြီး ကြည့်ရတာ အားမရပါ။ အစားလည်းမစား။ ဒီတောအတွင်းလို့တောင် ပြောလို့ မရဘူး။ Jongin ဒီလိုဖြစ်နေတာ Soo ဆီက နောက်ဆုံးစာ ရပြီးကတည်းက အခုချိန်ထိဆို တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့။

"Jongin" ခပ်ဖွဖွလေး ခေါ်လိုက်သော Sehun ရဲ့ အသံကြောင့် Jongin လှဲနေရာမှ ထလာပြီး Sehun ကို မေးဆတ်ပြသည်။

စကားလည်းကောင်းကောင်းပြောတာမဟုတ်။ ပုံမှန်တောင် ဟုတ်သေးရဲ့လားဆိုတာတောင် Sehun အတွက် စဉ်းစားစရာဖြစ်နေပြီ။

"မေးရမှာတော့ အားနာပါတယ်ကွာ..."

Sehun ပြောနေရင်းနှင့် စကားစကို ခဏဖြတ်လိုက်ပြီး

"မင်း အခုထိ ... Soo ကို ..."

"အဲဒီ့ကိစ္စကို ကျေးဇူးပြုပြီး မစပါနဲ့တော့လား။ ငါ သူ့ကို တော်တော် မေ့ထားရတာ။"

မေ့ထားတာတောင် ဒီလို ဖြစ်နေတာ။ ကြည့်ပါဦး။ သူ့သူငယ်ချင်း မျက်နှာကအစ တော်တော်ကို ချောင် ကျသွားတဲ့ အပြင်၊ ပိန်တာလည်း အရိုးတောင် အရင် ထက် ပေါ်နေပြီ။

Soo ဆီက စာရပြီးတုန်းကဆို Jongin အလုပ်တွေပဲ မရပ်မနား လုပ်ခဲ့တာ။ သူ အရမ်းကြိုးကြိုးစားစား လုပ်နေတာကြောင့် တပ်မှူးကလည်း သူ့ကို နားဖို့ပြောတာတောင် မရခဲ့ဘူးမလား။

Sehun လည်း သူ့သူငယ်ချင်းအတွက် သက်ပြင်းချရုံက လွဲပြီး ဘာမှမတတ်နိုင် ခဲ့ပါဘူးလေ။

___________________________________

Jongin တို့ ဒီတစ်ခေါက် ကျူးကျော်သူများ ရှိနေနိုင် မည့် နယ်စပ်တစ်နေရာသို့ လာခဲ့ကြသည်။ ဟိုကိုရောက်တော့ သူတို့ကို နားမလည် နိုင် သည့် စကားများဖြင့် ပြောဆိုကြသည်။ Jongin လည်း English ရယ်၊ Korean ရယ်က လွဲပြီး ဘာမှနားမလည်တာမို့ ထိုသူတို့ ပြောနေသည်ကို နားမ ထောင် ဘဲ တခြားဘက်သို့ သာ Sehun နှင့် အတူ လျှောက်လာခဲ့သည်။

Dear My Dear,...Where stories live. Discover now