Dear My Dear,...

1.1K 69 3
                                    

Chapter(11)

Final Episode

_______

Jongin တစ်ယောက် Soo နဲ့ တွေ့ပြီးတဲ့ နေ့ကတည်းက အိမ်ထဲမှာအောင်းနေတာ နှစ်ရက်လောက်တော့ ရှိပြီထင်သည်။ ဒီအတောအတွင်း သူတော်တော်လေး ခက်ခဲခဲ့တယ်။ အချိန်အကြာကြီးချစ်ခဲ့ရတဲ့ သူကို လွမ်းရင်း တမ်းတရင်းနဲ့ပဲ တစ်နေ့တာကို ကုန်ဆုံးခဲ့ရပြန်တယ်လေ။

တစ်ချိန်က Soo နဲ့ သူ့ကြားဖြစ်ပျက်ခဲ့တာတွေကို တွေးမိတော့ နောင်တရမိတာ တစ်ခုတော့ ရှိတယ်လေ။ အဲဒါက စာတွေကို သူမီးရှို့ပစ်ခဲ့တာပဲ။ အဲဒီ့တုန်းကတော့ သူတကယ် စိတ်တိုနေခဲ့လို့ပါ။

ပြီးတော့ လွမ်းမိတာနောက်တစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ Appa …

ရှိစဉ်အခါတုန်းက ဘာမှမလုပ်ပေးနိုင်ခဲ့တော့ မရှိတော့တဲ့အခါ နောင်တပေါင်းများစွာနဲ့ ကျန်ခဲ့တဲ့သူကတော့ နှစ်ယောက်မရှိတဲ့ သူပေါ့။

နောင်တဆိုတာ နောင်မှရတယ်ဆိုတာကို အခုမှပဲ ယုံကြည်နိုင်တော့တယ် …

_______________________________________

Jongin တစ်ယောက် သူ့Appa ကိုလွမ်းတာနဲ့ Appa ရဲ့ စာကြည့်ခန်းထဲကို ဝင်ကြည့်မိသည်။ ထိုအခါမှ သူသတိရမိတာ အကြွေစေ့တွေ …

တစ်ချိန်တုန်းကတော့ သူအရမ်းမုန်းခဲ့တဲ့ သူ့ရဲ့ ရန်သူ …

အခုအချိန်မှာတော့ Appa ကို လွမ်းရင် အလွမ်းဖြေလို့ရတဲ့ အဖော်တောင် ဖြစ်တော့မယ် ထင်ပါတယ်။ ဒါပေမယ့် အကြွေစေ့တွေကိုကြည့်ရင်း သူ အကြံတစ်ခုတော့ ရခဲ့သည်။ ထိုအကြံကလည်း အသုံးဝင်မယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်အတွက် ကောင်းတာမို့လေ …

________________________________________

Jongin ကားနောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် ကားနောက်ခန်းတွင် ရှိနေသည့် သေတ္တာနှစ်ခုကို ဖွင့်လိုက်ပြီး

"How about those? Can I get as much as I requested?"

ဘေးတွင် ရှိသည့် အကြွေစေ့ဆိုင်မှလူက သေတ္တာထဲမှ အကြွေစေ့များကိုကြည့်ရင်း "Umm…Yeah. You can get. Ok. I'll buy them."

Dear My Dear,...Where stories live. Discover now