During the two week,...

922 66 2
                                    

Chapter(3)

ပျော်မွေ့မိပါတယ်...

သူမရဲ့ အနမ်းတွေထဲမှာ...

ဒါပေမယ့် ဒီနှုတ်ခမ်းတွေကို သူ တစ်သက်လုံး ပိုင် ဆိုင် ချင် တယ်...

အကယ်၍သာ မပိုင် ဆိုင် ခဲ့ရရင်ကော...

____________________________________

ဒီတောအတွင်း Jongin အရမ်းကို ပျော်နေမိပါသည်။ Soo နဲ့ပဲ အတူသွား၊ အတူစား၊ အမြဲ Date လုပ်နေတယ်ပဲ ဆိုပါတော့။

Minho Arjusshi ကလည်း သူတို့နှစ်ယောက်ကို ဂုဏ်ပြုပေးသည်။ Minyoung လေးကလည်း သူတို့နှစ်ယောက်အတွက် ပျော်နေ ပေးရှာသည်။ ဒါတောင် မှ သူ့ကို ပြော သေးသည်။

Hyung က Noona ကို လုသွားပေမယ့် Hyung နဲ့ မို့လို့ ကျွန်တော် စိတ်ချပါတယ်တဲ့။

အကုန်လုံးက ဝိုင်းဂုဏ်ပြုပေးကြလို့ သူလည်း အလွန်ပျော်မိပါသည်။ ဒါပေမယ့် ဂုဏ်မပြုပေးတဲ့ သူတစ်ယောက်တော့ ရှိသည်။

Park Chan Yeol...

သူ့ရဲ့ မျက်ဝန်းတွေက သူတို့နှစ်ယောက်ကို ကြည့်လိုက် ရင် အားကျတဲ့ မျက်လုံးတွေးလိုလို၊ ဒေါသထွက်တာလိုလို၊ မနာလိုတာလိုလို။ ဒါပေမယ့် သူ ဂရုမစိုက်ပါဘူး။ ပတ်ဝန်းကျင် ရဲ့ သူတို့နှစ်ယောက် အ ပေါ်အမြင် က အ ရေးမှမကြီးတာ။ အဓိက က ကာယကံရှင် နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ယုံကြည်နေဖို့ပဲ။

Soo ကလည်း သူ့ကို ပြောပြသည်။ သူမသူငယ်ချင်း Baekhyun က Chanyeol ကို ကြိုက်နေတာတဲ့။ ပြီးတော့ Chanyeol အ ပေါ် သူ့ရဲ့ အမြင် ကို Soo ကို ပြောပြ တော့ Soo က သိပါတယ်တဲ့။ ဒါပေမယ့် Chanyeol ရဲ့ မိန်းက လေး က Soo မဖြစ်နိုင် ပါဘူးတဲ့။

Jongin ရဲ့ Soo...

ဒီလိုခေါ်တာလေးက လှသလိုလို...

သေချာတာက တော့ Soo မပြန်ခင် နှစ်ပတ်အတွင်း ကမ်းခြေမှာ သူတို့နှစ်ယောက် ရေတွက်လို့မရနိုင် တဲ့ အမှတ်တရ တွေကို ပြုလုပ်ခဲ့ကြသည်။

မပြန်ခင်...?

ဟုတ်သားပဲ။ Soo တောင် ပြန် ရ တော့မှာပဲ...

အချိန်တွေက ကုန်တာမြန်လိုက်တာနော်...

••••••••••••••••••••••••••••••••••••••••••••••

Dear My Dear,...Nơi câu chuyện tồn tại. Hãy khám phá bây giờ