Dâtínĝ???

40.1K 3.3K 75
                                    

Unicode

Baekသူ့ပစ္စည်းတွေကို နေရာချရင်း တဖက်ကုတင်ပေါ်မှာ နဖူးပေါ်လက်တင်ပြီး အိပ်နေတဲ့ Chanyeolကိုကြည့်နေမိတယ်။ကြည့်ဆို Baekhyunခုချိန်ထိ နားမလည်နိုင်သေးတာကြောင့်ပါ။Chanyeolလိုလူက ဒီလိုကျောင်းကို Scholar Roll(1)နဲ့ ဝင်တာကို နားမလည်နိုင်ဖြစ်နေတာပါ..။

ဝင်ခွင့်စာမေးပွဲ ဖြေတော့ Park Chanyeolပါ ဝင်ဖြေတယ်ဆိုတဲ့ သတင်းကို Baekသူ့သူငယ်ချင်းလေး Kyung Sooဆီကတော့ ကြားခဲ့တယ်။

အဲ့တုန်းကလည်း အံ့သြခဲ့ရသေးတယ်။Baekhyunတို့လို စာတော်ပြီးသာမန်မိသားစုက ပေါက်ဖွားလာတဲ့ သူအတွက် ဒီလိုScholarကို ဝင်ဖြေတာထားပါတော့..။ဒါပေမယ့် Park Chanyeolလို ဒိတ်ဒိတ်ကြဲတစ်ယောက်က Scholarဝင်ဖြေတယ်ဆိုတာကြီးက....

ဝင်ခွင့်စာရင်းထွက်တော့လည်း Roll(2)က baekဖြစ်ခဲ့ပြီး Roll(1)က Park Chanyeolဖြစ်နေတော့ ထပ်အံ့သြခဲ့ရပြန်ရော။Chanyeolလို လူမိုက်က Roll(1)ဆိုတော့ အံ့သြစရာမကောင်းပေဘူးလား??

"ဘာပြောစရာရှိလို့လဲ??"

မျက်လုံးမှိတ်ရက်သားနဲ့ ထွက်ပေါ်လာတဲ့ Chanyeolအသံကြောင့် Baekလန့်သွားကာ လက်ထဲက linerပုလင်းလေး အောက်ကိုလွှတ်ကျသွားတယ်..။

"ဂေါက်~~"

ပုလင်းလေးလွှတ်ကျသွားသည်နှင့်တပြိုင်နက် မှိတ်ထားတဲ့ yeolမျက်လုံးတွေ ပွင့်လာပြီး baekhyunဘက်ကို လှည့်ကြည့်လိုက်တယ်။baekကတော့ နေရာမှာတင် မတ်တပ်.။Chanyeolက သူ့ကိုမျက်လုံးအပြူးသားနဲ့ ရပ်ကြည့်နေတဲ့ ကောင်လေးကိုကြည့်ပြီး သက်ပြင်းအသာချကာ.

"ဟင်း...အဲ့လောက်ထိလန့်သွားရသလား?"

Chanyeolအိပ်နေရာကနေထလာပြီး Baekhyunခြေထောက်နားမှာ ကျနေတဲ့ linerဘူးလေးကို ငုတ်တုပ်ထိုင်ပြီးကောက်လိုက်တော့ Baekအလန့်တကြား နောက်ဆုတ်မိတယ်.။

Chanyeol ,linerဘူးလေးကို ကိုင်ထားပြီး Baekhyunကို မော့ကြည့်လိုက်တယ်.။baekကလည်း သူ့ကိုကြည့်နေတာနဲ့ ကြုံသွားတယ်..။

ဒါပေမယ့် Baekhyunက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြတင်းပေါက်ဘက် အကြည့်လွှဲလိုက်တော့ Chanyeolနှုတ်ခမ်းလေး တွန့်သွားရုံပြုံးလိုက်တယ်..။

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now