Someone Like Me...

27.5K 2.4K 109
                                    

Unicode

ဒီရက်ပိုင်း chanyeolကို ကျောင်းမှာ သိပ်မတွေ့ရတော့....။

သူမရှိတဲ့ရက်တွေ baekhyunအတွက် နားနားနေနေနဲ့ ရင်မတုန်ဘဲ နေရပေမယ့် အခြားကျောင်းက ကျောင်းသားတွေနဲ့ လမ်းမထက်က သူ့ရန်ပွဲတွေကိုတော့ baekhyunသိမှာ မဟုတ်ပါဘူးလေ...

နေ့လည်ထမင်းစားပြီး စာသင်ခန်းထဲ ပြန်ဝင်လာတော့ နဘေးခုံမှာ လက်ပိုက်ထိုင်နေတဲ့ chanyeolကို baekhyunမြင်လိုက်ရရင်ပဲ သက်ပြင်းမောတခုက အလိုလိုချမိလျက်သား..

ကြောက်လန့်တကြားနဲ့ ကိုယ့်နေရာကို သွားမထိုင်သေးဘဲ အခန်းပေါက်ဝတွင်ပဲ ကျောက်ဆူးချထားသလိုပဲ ရပ်နေမိတယ်...

သိပ်မကြာပါဘူး chanyeolနောက်လှည့်လာပြီး နောက်ပေါက်မှာရပ်နေတဲ့ သူ့ဆီအကြည့်ရောက်လာတော့....

Baekhyunကြောက်လန့်တကြားနဲ့ နောက်ခြေတလှမ်းဆုတ်မိသွားတယ်...

တွန့်ဆုတ်သွားတဲ့ သူ့ပုံစံကြောင့် chanyeolမျက်မှောင်ကြုတ်သွားပြီး baekhyunကို သူ့ဆီလာဖို့ လက်ယက်ခေါ်လိုက်တော့...

ဘာရယ်ညာရယ်မှန်းမသိ baekhyunကြောက်ကြောက်လန့်လန့်နဲ့ နောက်လှည့်ပြန်ပြေးထွက်သွားတယ်...

လှစ်ခနဲနဲ့ ထွက်ပြေးသွားတဲ့ အရိပ်လေးကို ကြည့်ပြီး chanyeolနှာခေါင်းရှုံ့လိုက်ပြီး...

"လူကြောက်လေး..."

ခပ်တိုးတိုးရွတ်ပြီး ထိုင်ရာကနေ ထပြီး တစ်စုံတစ်ယောက်ပြေးသွားရာဘက်ကို လိုက်လာခဲ့တော့တယ်...

ခြေဦးတည့်ရာပြေးလာတဲ့ baekhyunတယောက် ပြေးစရာမရှိတော့ဘဲ လမ်းပိတ်သွားမှ ဒူးခေါင်းပေါ်လက်ကုန်းထောက်လိုက်ပြီး အသက်လုရှူနေရတယ်...

"ဟား...မောတာ..။ငါက ဘာကိစ္စနဲ့ ထွက်ပြေးလာရတာလဲ..ဘာအမှားမှလည်း မလုပ်ပါဘဲနဲ့...အ.ဟူး..မောတာ.."

၅မိနစ်လောက် အသက်ဖြေးဖြေးရှူနေရာကနေ ပုံမှန်ဖြစ်သွားမှ baekhyunကိုယ်ကို ပြန်မတ်လိုက်ပြီး ကျောင်းအပေါ်ကုတ်ကို ဆွဲဆန့်လိုက်ကာ အတန်းထဲပြန်ဖို့ နောက်ပြန်လှည့်လိုက်တယ်ဆိုရင်ပဲ....

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now