Is He ComeBack???

27.2K 2.4K 196
                                    

Unicode

ကဲ...GP is backပါဗျာ.၊တကယ်တော့ ကျုပ် ချစ်ဆုံးလေးတွေကို ချစ်လို့နောက်တာ...

စိတ်မဆိုးရဘူးနော့...

ရှေ့ပိုင်းမှာ cmတွေကို rpမပြန်ပေးတာ စိတ်မဆိုးပါနဲ့လို့..သက်သက်မဲ့ စချင်လို့ မပြန်တာ..မပြန်ပေးမယ့် အားလုံးကို အခေါက်ခေါက်အခါခါ ဖတ်နေတာနော်..သဘောကျလို့..။fb,cb,cmတွေကနေ ပြောလာပေးတဲ့ သဲ တို့ကို တကယ်ကြီး တန်ဖိုးထားပါတယ်ဆို...
Just reader.silenceလေးတွေကိုလည်း မြတ်နိုးတယ်နော်..

မေးလာတဲ့ ချစ်ဆုံးတို့ကို ပြောပါတယ်.."ending is real???"လို့လေ..မေးတာလေနော်..ဇာတ်သိမ်းပိုင်းအစစ်လားလို့လေ..အစစ်မဟုတ်ပါဘူး..အတုကြီးပါ..

တော်ပီနော့..လေရှည်နေပီ.ကျေးဇူးပါ my bestiesတို့..ဆာတန်းငယ်ယော...

~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:

Gangster's puppy
~~~~~~~~~~~~~~~~~~

Chanyeol ah~~မင်းပြောခဲ့သလိုပါပဲ မင်းပေးတဲ့ လက်ကို ငါအကြိမ်ကြိမ်ပုတ်ထုတ်ခဲ့တယ်နော်...

အဲ့လုပ်ရပ်က တချိန်ချိန်မှာ နောင်တအရဆုံး ရင်အနာဆုံး ဖြစ်ရမယ်မှန်း ငါကြိုသိခဲ့ရင် မင်းကမ်းလာတဲ့ မင်းလက်ကို ငါမလွှတ်တမ်း ကိုင်ဆုပ်မိမှာပါ..

ခုတော့.......။

Roll-1..မလိုချင်ဘဲနဲ့ ရလာတဲ့ ဒီအသုံးမဝင်တဲ့ ခုံနံပါတ်က ဘာနေရာ သွားသုံးရမှာလဲ??အနားမှာ သူမရှိတော့တဲ့ ရက်တွေကို တယောက်တည်း ဖြတ်သန်းရတာ ခက်ခဲမှန်း ခုမှ ကျနော် Byun Baekhyun ကောင်းကောင်းကြီး နားလည်တော့တယ်...။

Chanyeol L.Aထွက်သွားပြီဆိုတာ ကျနော် သိပြီးတဲ့ နောက်ရက်မှာတော့ အခန်းထဲက သူ့ပစ္စည်းတွေ အားလုံးကို Yifan နဲ့ Zi Taoက အကုန်လာပြန်သိမ်းသွားကြတယ်...

ကျနော့်ကို နည်းနည်းလေးမှ အဖတ်မလုပ်သွားကြသလို ကျနော် မေးသမျှကိုလည်း ဘာတခွန်းမှ ပြန်မဖြေဘဲ မျက်နှာထားမာမာနဲ့ သူတို့နှစ်ယောက်ကို ကျနော်စိတ်မဆိုးခဲ့ပါဘူး...။

Chanyeolအနားမှာ မရှိတော့ကတည်းက ကျနော်ဟာ စက်ရုပ်တရုပ်သာသာ..၊ကိုယ်ပိုင်စိတ်ဆိုတာ မရှိတော့သလို...။စားချင်မှစားမယ် အိပ်ချင်မှ အိပ်မယ်...၊

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now