Tell Me What is Love...

26.5K 2.4K 122
                                    

Unicode

"ဘယ်လို Baekhyun.မင်းက အချစ်ကို မခံစားတတ်ဘူး..ဟုတ်လား??"

ဧည့်တွေ့နေ့မှာ သူငယ်ချင်းဖြစ်သူကို လာတွေ့တဲ့ kyung sooရဲ့ မကျယ်တကျယ် အော်မေးလာတဲ့ အသံကြောင့် parlourဆောင်ထဲက ကျောင်းသားအချို့က သူတို့ဝိုင်းလေးကို ကြည့်လာကြတယ်..

Baekhyun..အခြားဝိုင်းတွေကို မသိမသာမျက်လုံးစွေကြည့်လိုက်ပြီး သူ့ရှေ့မှာ ထိုင်နေတဲ့ kyung sooကိုပြန်ကြည့်လိုက်ရင်း.

"အင်း..ငါအချစ်ကို မခံစားတတ်သေးဘူး.။"

သူ့အဖြေဆုံးတော့ kyung sooက နားလည်ရခက်တဲ့ အပြုံးတခုပြုံးလိုက်ပြီး baekhyun ကိုသေချာစိုက်ကြည့်နေပြန်တော့

"ဘာပြောချင်လို့လဲ kyung.."

Kyung Sooခေါင်းအသာရမ်းလိုက်ပြီး..

"မဟုတ်ပါဘူး..မင်းစကားမညီတာကို သဘောကျမိလို့ပါ..."

Baekhyunမျက်ခုံးတွန့်ချိုးသွားပြီး...

"ဘယ်လို??ငါက??စကားမညီဘူး??ဘယ်နေရာမှာလဲ??"

"အချစ်ကို မခံစားတတ်သေးဘူး ဆိုတာလေ."

"အေးလေ..အဲ့တော့??"

Kyung Sooက လက်ပိုက်လိုက်ပြီး ထိုင်ခုံနောက်ကို ကျောမှီချလိုက်ကာ..

"ဒါဆို မင်း ဟိုhyungကို တကယ်မချစ်ပါဘူး..."

"ဘာရယ်??ဘာဖြစ်တယ်??"

Baekhyunကျောမှီထိုင်နေရာကနေ ပြန်မတ်လာပြီး မေးလိုက်ပေမယ့် kyung sooကတော့ ကျောမှီထိုင်နေရာကနေ ခပ်အေးအေးနှင့်ပင်...

"Baekhyun...မင်း အဲ့hyungကို တကယ်မချစ်ဘူးလို့.."

"ဘာ!ငါ..ငါ့hyungကို တကယ်ချစ်တာ..."

"မဖြစ်နိုင်တာတွေ..."

ံkyung sooက လက်ညိုးလေးရမ်းကာ ရမ်းကာနဲ့ ပြန်ပြောလာတော့ baekhyunမျက်မှောင်ကြုတ်သွားပြိး...."

"မဖြစ်နိုင်ဘူး??ဘာကိုကြည့်ပြောတာလဲ kyung.."

Baekhyunအသံကိုထိန်းရင်း မေးလိုက်တော့ kyung sooရယ်ပါတယ်..

အခုဟာက baekhyunတယောက် သူဘာဖြစ်လို့ဘာဖြစ်တယ်ဆိုတာမသိသေးဘဲ ဒေါသတွေထွက်နေလို့လေ...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now