My boy fri's boy fri is his boy fri

27.7K 2.4K 107
                                    

Unicode

ဘဝမှာ ပထမဆုံး မိခဲ့တဲ့ သူ...

ပထမဆုံး အနမ်းကို အရယူသွားခဲ့တဲ့ သူ...

ဘယ်တော့မှ ထိန်းမနိုင်ခဲ့တဲ့ ဒေါသတွေကို ထိန်းပေးနိုင်ခဲ့တဲ့ သူ...

ကိုယ်နဲ့ မဆိုင်တဲ့ ပြဿနာတွေမှာ ဝင်မပါတတ်တဲ့ ကိုယ့်ကို ပြဿနာတွေကြားထဲ ဆွဲခေါ်တတ်တဲ့ သူ...

ဘယ်တော့မှ မပြောဖူးတဲ့ စကားတွေကို ပြောစေတတ်လာတာ သူ့ကြောင့်....

တခါမှ မနေဖူးတဲ့ နေရာမှာ ၂ရက်တိတိနေလိုက်ရတာလည်း သူ့ကြောင့်....

အဲ့ဒီသူက ကိုယ့်ကို သနားချစ် ချစ်နေတာပါတဲ့...၊

နာကျင်ရပါတယ်...ပထမဆုံး အချစ်ဦးက ပြန်မချစ်တဲ့အပြင် သနားပါတယ်တဲ့လေ....

ဟင့်အင်း...မယုံဘူး..အခုချိန်မှာ သူကျနော့်ကို ဘယ်လောက်ချစ်တယ်ပြောပြော မယုံဘူး..ခုချိန်ထိ သနားချစ်ဆိုရင်???

သူခုချိန်ထိ စောင့်နေခဲ့တာတဲ့..ကျနော် ပြန်လာမယ့်အချိန်ကို..ဒါပေမယ့် သူ့ဘေးမှာ Kim Minseokကို အမြဲတွေ့နေရတော့ ကျနော်က ဘယ်လိုစိတ်နဲ့ ယုံကြည်ပေးရမှာလဲဗျာ....

စုံစမ်းကြည့်လိုက်တော့ ပြန်ကြားလိုက်ရတာက Kim Minseokနဲ့Byun Baekhyunဆိုတာ ပထမနှစ်ကတည်းကတွဲနေကြတာ ခုတတိယနှစ်အထိပါတဲ့လေ...

အဲ့တော့..ကျနော်က...အရူးတယောက်လိုမျိုး သူ့သနားချစ်မှာ ပျော်ဝင်ရမှာတဲ့လား....။ကျနော် လူညံ့တယောက် မဟုတ်ပါဘူးဗျာ...

"Chanee ah~~~"

စားပွဲခုံပေါ်က အရက်ပုလင်းတွေကြား ခေါင်းမှောက်နေတဲ့ ကျနော့်ကို ပခုံးကနေ ဆွဲကိုင်လှုပ်ပြီး ခေါ်လိုက်တာကြောင့် အသာခေါင်းထောင်ထလိုက်ပြီး နဘေးကနေ စိုးရိမ်တကြီး ကြည့်နေတဲ့ ကောင်လေးကို အသာပြုံးကြည့်လိုက်ပြီး...

"Baekhyunee..."

ကျနော့်ရဲ့ တမ်းတမ်းတတခေါ်လိုက်သံကြောင့် ထိုကောင်လေးက သက်ပြင်းခပ်တိုးတိုးချလာပြီး...

"မင်းအရမ်းမူးနေပြီ..၊ငါမင်းရဲ့ hyunee မဟုတ်ဘူး.."

သူ့အဖြေကြောင့် ကျနော် သဘောတကျရယ်လိုက်ပြီး...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now