Who Are You???

27.7K 2.5K 111
                                    

Unicode

"Baek..Baekhyun ah~~မြင်ရလား??ငါ့ကို မြင်ရလား??"

မျက်လုံးဖွင့်ဖွင့်ချင်း baekhyunမျက်နှာပေါ် စီးပြီးမေးလာတဲ့ Sooလေးရဲ့ မျက်နှာ..

Baekhyunအသာခေါင်းငြိမ့်ပြလိုက်တော့..

"ဒါ..ဒါဆို..ငါဘယ်သူလဲ??ငါ့ကို မှတ်မိလား?ငါ.ငါလေ..ငါ..ငါဘယ်သူလဲ??"

ကိုယ့်ရင်ဘတ်ကို ပုတ်ပြီးမေးနေတဲ့ sooလေးမျက်နှာကို ကြည့်နေရာကနေ baekhyunခေါင်းကို တဘက်လွှဲလိုက်ပြီး..

"Soo ah~~ငါအဆင်ပြေတယ်.."

Baekhyunအဖြေဆုံးမှ kyung sooက သက်ပြင်းခပ်တိုးတိုးချပြီး baekအိပ်နေတဲ့ ကုတင်ဘေးက ထိုင်ခုံလေးပေါ် ပြန်ထိုင်ချလိုက်တယ်...

\\ဘာလို့ငါ့ကိုအနိုင်ကျင့်ချင်ရတာလဲ?မင်းငါ့ကို အဲ့လောက်တောင်မုန်းသလား chanyeolရာ.နည်းနည်းလေးပဲဖြစ်ဖြစ် ငါ့အပေါ် ညင်ညင်သာသာဆက်ဆံပေးလို့မရဘူးလား?//

အတွေးဆုံးဆုံးခြင်း baekhyunသက်ပြင်းချလိုက်တော့ kyung sooကပြာပြာသလဲနဲ့...

"ဘာ..ဘာလိုလို့လဲ..baekဘာဖြစ်ချင်လို့လဲဟင်??"

"ငါ့ကိုထူပေးစမ်းပါ..ငါထချင်လို့.."

နှုတ်ခမ်းစပ်က နာကျင်မှု.၊ပါးစောင်တောက်လျှောက်နာကျင်မှုတွေကို အန်တုရင်း သူမနည်းပြန်ပြောလိုက်ရတယ်...

"တနေရာရာက နေရတာအဆင်မပြေရင် ငါ့ကိုပြောနော်..."

Kyung Sooက Baekhyunခါးနောက်ကို ခေါင်းအုံးနေရာချပေးရင်း လေသံခပ်တိုးတိုးနဲ့ ဆိုလာတယ်..။

Baekhyunထင်လိုက်တယ်..\\Sooလေး ငါ့ကို အားနာနေတာပဲ..//

Baek,Sooကို အသာပြုံးပြလိုက်ပြီး..

"Soo ah~ငါ့ကို အားနာမနေပါနဲ့.."

နာကျင်မှုတွေကြောင့် သူ့အသံက ခပ်တိုးတိုးသာ ထွက်လာသည်...

"ငါတောင်းပန်ပါတယ်..baekhyun ah~~ငါ."

လက်ကို ခပ်ဖွဖွလေးဆုပ်ကိုင်ပြီး တောင်းပန်စကားပြောနေတဲ့ sooလေးကို ကြည့်ပြီး baekhyunသက်ပြင်းတိုးတိုးလေးခိုးချလိုက်ကာ သူရောက်နေတဲ့ နေရာကို မျက်လုံးဝေ့ကြည့်လိုက်တော့...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now