U Are The First...

31.2K 2.7K 68
                                    

Unicode

"ဘုန်း!!"

ဘေးနားကထွက်လာတဲ့အသံကြောင့် baekလန့်သွားသလို အခန်းထဲကလူတွေလည်း baekhyunဘေးကို မျက်လုံးရွေ့လာကြတယ်.။

Baekဘေးကိုကြည့်လိုက်တော့ စာရေးစားပွဲပေါ် ပစ်တင်ထားတဲ့လွယ်အိတ်တလုံး..။လွယ်အိတ်ပိုင်ရှင်ကတော့...အချစ်တော် Park Chanyeol..

Baekမော့ကြည့်လာတာလည်းမြင်ရော Chanyeolက winkတချက်ပေးပြီး ပြုံးပြရင်း..

"Morning bae..."

Baekhyunခေါင်းငြိမ့်ပြမိလား၊မငြိမ့်ပြမိလား လည်းမသိတော့...။Chanyeolကိုမြင်တာနဲ့ မနေ့ညကအဖြစ်ကို သတိရကာ လူကကြောက်နေတာ...

မနေ့ညကတည်းကပျောက်သွားပြီး ဒီမနက်မှပြန်ပေါ်လာတဲ့ ထိုလူသားကတော့ သူဘာဖြစ်နေလဲ သိမှာမဟုတ်...။

"ဟင်း...."

Baekသက်ပြင်းချလိုက်ပြီး Chanyeolဆီကနေ အကြည့်လွှဲလိုက်တော့ Chanyeolက baekhyunဘေးက ခုံမှာဝင်ထိုင်ပြီး...

"Baek..Baekhyun ah~~~"

ဟမ်...သူအခုဘာလုပ်တာလဲ?စာသင်ခန်းထဲမှာလေ..လူတွေအများကြီးရှိတဲ့ နေရာမှာလေ..။

Arshi...Park Chanyeolတကယ် ကျပ်မပြည့်ဘူးပဲ...

Baekhyunတယောက် စားပွဲခုံပေါ်တင်ထားတဲ့ သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ Chanyeolလက်ကိုတလှည့်...ထိုလက်ပိုင်ရှင်ရဲ့ မျက်နှာကိုတလှည့် ကြည့်လိုက်တယ်...

"Baekhyun ah~~"

ထပ်ခေါ်လာတဲ့အတွက်ကြောင့်...

"အော်..အော..Chan..Chanyeol ah~~"

Baekမချိပြုံးလေးပြုံးပြပြီး ပြန်ထူးရင်း yeolဆုပ်ကိုင်ထားတဲ့ သူ့လက်ကိုလည်း လွှတ်သွားအောင် ရုန်းလိုက်တယ်...

သူရုန်းနေတာကို ရိပ်မိသွားတဲ့ Chanyeolက သူ့လက်ကိုပိုတင်းအောင် ဆုပ်ကိုင်လိုက်ပြီး...

"မကြိုးစားနဲ့..baek..."

"ဟမ်..အော..အေး.အေးပါ.."

Baekကြောက်ကြောက်နဲ့ ပြောမိပြောရာပြောပြီး ခေါင်းငုံ့ထားလိုက်တယ်..။အခန်းထဲက လူတွေရဲ့ သူ့တို့နှစ်ယောက်ကို ကြည့်နေမယ့် မျက်လုံးတွေကို baekမရင်ဆိုင်ရဲပါဘူး....

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Where stories live. Discover now