****** Part 6*****

5.4K 643 32
                                    

Cheer Up : Teacher Jong

Jongin ထိန်းမရ​နိုင်​အောင်​ ခုန်​​နေတဲ့ ရင်​ဘတ်​ကို အသာထိန်းရင်း

နှုတ်​ခမ်း ​ထောင့်​စွန်း​လေးကို ခပ်​ဖွဖွ နမ်းလိုက်​မိသည်

သူ့  ရဲ့ ရုတ်​တရက်​ အပြု အမူ ​ကြောင့်​ Kyung Soo မျက်​နှာ​လေး ရဲတက်​သွားတာ မြင်​ရ​တော့ သူ ပြုံးမိ သွားသည်​ အခု မှ ရှက်​ပြ​နေတာ အရင်​ တစ်​ခါ က သူ့ကို နားညီး တယ်​ ဆိုပြီး နှုတ်​ခမ်း ခြင်း​တောင်​ နမ်းသွား တာကို

ပလာစတာ​လေး ကပ်​ထားတာ တည်​ငြိမ်​​နေတဲ့ Kyung Soo ပုံ​လေး က Jongin ကို အသည်း ယား​စေသည်​ သူ Kyung Soo တို့ အိမ်​​ရှေ့ ​ရောက်​​တော့ ကားကို အသာရပ်​​ပေး လို​​က်​တော့
Kyung Soo က ကား​ပေါ်က ဆင်းရင်း သူကို တစ်​ချက်​ကြည့်​ကာ

~ ဒီ​နေ့  အတွက်​ ​ကျေးဇူး  ဆိုပြီး ​ပြောကာ လှည့်​အထွက်

Jongin လည်း ကား​ပေါ် က​နေ အမြန်​ ဆင်းကာ

  Kyung Soo ကိုယ်​​လေး ကို ​နောက်​က​နေ ၀င်​ဖက်​လိုက်​သည်​ သူ ဒီအချိန်​မှာ အခွင့်​ အ​ရေး​တွေ ယူမိနေလား ဘာလား သူ မ​တွေးမိ သူ့စိတ်​ထဲမှာ ဖြစ်​​နေတာ တစ်​ခုကသူ ဒီ​ကောင်​​လေး ကို ကာကွယ်​ချင်​တာဘဲ သူသိပါသည်

Kyung Soo အတွက်​​တော့ သူ့ကို အတင်းလာဖက်​တဲ့ Teacher Jong ကို အသာ တွန်းရင်း

~ ဟို ကျွန်​​တော်​ ၀င်​လိုက်​​တော့မယ်​ ဆိုပြီး ခပ်​တိုးတိုး ​ပြောလိုက်​​တော့

Jongin တစ်​​ယောက်​ လက်​က အကျင့်​ပါ ​နေတဲ့
အတိုင်း Kyung Soo ဆံပင်​​ပျော့​လေး​တွေကို ခပ်​ဖွဖွ​ဆော့ကာ

~ မနက်​ကျရင်​ ​ဆေးလိမ်း​နော်​ ဆိုပြီး သူ ဂရု တစိုက်​ စိတ်​ပူစွာ ​ပြောလိုက်​မိသည်

¥¥¥¥¥¥¥

At Morning...

Kyung Soo တစ်​​ယောက်​ လွယ်​အိတ်​ယူ ကာ ​ကျောင်းသွားဖို့ အလုပ်​ သူ့  မျက်​နှာသူ သတိရကာ ​ဆေးဘူး ​လေးကို ကိုင်​ပြီး ​ဆေးလိမ့်​မယ်​ ဆိုပြီး မှန်​ကို ကြည့်​လိုက်​​ပေမယ့်

သူ့စိတ်​​တွေ တစ်​မျိုး ​ပြောင်းကာ လက်​က ​ဆေးဘူး ​လေးကို ပြန်​ချရင်း ​ဆေးမလိမ်း​တော့ဘဲ ဒီတိုင်း ထွက်​လာခဲ့သည်​...

Cheer Up!Teacher JongWhere stories live. Discover now