****Part 18****

4.7K 575 28
                                    

Cheer Up ! Teacher Jong

~ ဘာ ပြန်ပြော လိုက်ပါ ဉီး အငယ်မ နင် နင် ပြောလိုက်တာ Kyung Soo လား

Jongin သူ သူ့ရှေ့မှာ ရပ်နေတဲ့ သူ့ညီမရဲ့ ပုခုံးတွေကို လှုပ်ယမ်း ပြီး မေးလိုက်တော့

~ ဟုတ်တယ် Oppa...D.O. ဆိုတာ Oppa ရဲ့ Kyung Soo ဘဲ ..Oppa အတွက် ညီမလေး ပုံတွေ Video တွေ ရိုက်လာတယ် ဒီထက်ပိုပီး သေချာ ချင်ရင် Line ပေါ်မှာ ရှာကြည့်လိုက်

Jongin သူ့လက်ထဲကို သူ့ညီမထိုးပေးသွားတဲ့ ဖုန်းလေး ကို ကိုင်ထား ရင် မျက်ရည်များ ဝဲတက်လာရသည် ၂ နှစ်ကြာမှ ၂ နှစ်တောင် ကြာသွားပြီးမှ သူရခဲ့တဲ့ သတင်း လေး..Kyung Soo ရာ ဘယ်တွေမှာ ဘာတွေများ လုပ်နေခဲ့တာလဲ??

Jongin သူ ဖုန်းထဲက Video လေးကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ လူက တောင့်တောင့် ကြီး ဖြစ်သွားရသည်..သူ့ Kyung Soo..Kyung Soo မှ Kyung Soo အစစ်..ဖုန်း မျက်နှာပြင်ပေါ်က Kyung Soo ပုံလေး ကို လက်လေး နဲ့ အသာလေး ပွတ်ရင်း ငေးကြည့် နေမိသည်..နားထဲကို စကားလုံး တစ်လုံး ချင်းဆီ ဝင်လာတဲ့ Kyung Soo ဆိုထားတဲ့ Tell me what is love ဆိုတဲ့ သီချင်းလေးကလည်း သူ့ရင်ဘတ်ထဲ မှာ နေရာ ယူသွားသည်

Kyung Soo ရယ်..ကိုယ့် အတွက် ကတော့ အချစ်ဆိုတာ စွန့်လွှတ်ခြင်း မဟုတ်ဘဲ ရယူ ပိုင်ဆိုင် ခြင်း လို့ ကိုယ်ကတော့ သတ်မှတ်ထားတယ်

မင်းကတော့ ကိုယ့်ကို တခြား တစ်ယောက်နဲ့ ပျော်ပါ စေ ဆိုပြီး လက်လွတ် ခဲ့ပေမယ့် ကိုယ်ကတော့ ကလေး မရှိရင် မပျော်နိုင် တာ မသိဘူးလား

အရူးလေးးးအခု ကစပြီး ကိုယ်ကတော့ မင်း လက်ကို အတင်း လိုက်ဆွဲတော့မှာ

~~~~~~~××××××~~~~~~~~

Jongin သူ ဖုန်းလေး ကို ချရင်း မှန်ထဲမှာ သိပ်မကြည့် ဖြစ်တဲ့ သူ့ရုပ်သူ ပြန်ကြည့် လိုက်သည် ပြင်ပြင် ဆင်ဆင် မနေတာ ကြာသွားလို့လား တော့ မသိ သူ့ပုံစံက တစ်မျိုး ကြီး ဖြစ်နေတာ ပင်..အရင်ဆုံး နှဖူး ပေါ်ကနေ မျက်စိ စူးနေတဲ့ ဆံပင်တွေကို အရင် ညှပ်ပစ်ကာ သပ်သပ် ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်...ပြီးတော့ မှ အတောက်ပြောင်ဆုံး Suit ကို ယူဝတ်ပြီး ကားသော့ ယူကာ အောက်ထပ်ဆင်း လာခဲ့သည်

Cheer Up!Teacher JongWhere stories live. Discover now