*****Part 14 ******

4.6K 528 44
                                    

Cheer Up! Teacher Jong

မနက်​ဖြန်​ ဆို Company ပြန်​၀င်​ ရ​တော့မှာမို့ Jongin အတွက်​က ဒီ​နေ့ စာသင်​ချိန်​က ​နောက်​ဆုံးပင်​..Kyung Soo ကို လှမ်းကြည့်​​တော့လည်း ​ဘောပင်​ တစ်​​ချောင်း ကို ပါးစပ်​က ကိုက်​ကာ သူ့ကို ​ငေးကြည့်​​နေတဲ့ မျက်​၀န်း​တွေမှာ အလွမ်း​တွေ အပြည့်​ နဲ့ ..သူ့ လှုပ်​ရှားမှု့​တွေ တိုင်းကို မျက်​​တောင်​ ခတ်​ဘဲ လိုက်​ကြည့်​ ​နေတဲ့ Kyung Soo ကို သူ အရိပ်​ အ​ယောင်​ ပြကာ စာကြည့်​ ဆိုပြီး ​ပြောလိုက်​​ပေမယ့်​ Kyung Soo က သူကို နှာ​ခေါင်း ရှုံ့ပြ​လေသည်

Kyung Soo အတွက်​​တော့ ဒီ​နေ့ စာသင်​ချိန်​က သူ့ အတွက်​ အဖိုး မဖြတ်​နိုင်​တဲ့ အရာ ​တွေထဲက တစ်​ခုပင်​..မနက်​ဖြန်​ဆို Minho Hyung ပြန်​လာပြီမို့ သူအခုလို Teacher Jong ကို ​ငေးကြည့်​ခွင့်​ ရ​တော့မှာ မဟုတ်​ ဒါ​ကြောင့်​ ရတဲ့ အချိန်​​လေးမှာ သူ ချစ်​ရတဲ့ သူရဲ့ လှုပ်​ရှား မှု့​လေး တိုင်းကို နှလုံးသား ထဲမှာ စွဲ​နေ​အောင်​ မှတ်​သားမိ​နေတာ

ဒါကို အဲ့လူကြီး က သူ့ကို စာကြည့်​ ဆိုပြီး လုပ်​ ​ပြ​နေ​သေးသည်

ဟင့်​အင်း သူ့ အတွက်​​တော့ စာအုပ်​ထူထူ ​တွေထက်​ Teacher Jong ရဲ့ မျက်​နှာ​ပေါ်က အစိတ်​ အပိုင်း ​လေး​တွေက ပိုစိတ်​၀င်​စား စရာ ​ကောင်းတယ်​ မဟုတ်​လား !!!

~Kyung Soo အတန်းပြီးရင်​ ရုံးခန်း လိုက်​ခဲ့

စာသင်​ချိန်​ပြီး​တော့ ခပ်​တည်​တည်​ နဲ့ ​ပြောကာ ထွက်​သွားတဲ့ Teacher Jong ကို အတန်းထဲက သူ​တွေက ထူးဆန်း သလို ကြည့်​ကြသည်​..သူတို့ အထင်​​တော့ Do Kyung Soo ​တော့ ပြသနာ ရှာလိုက်​ ပြန်​ပြီဆိုပြီး ::

~ ​ချောက်

အတန်းဆင်းဆင်း ချင်း လက်​ကိုင်​ဘု ​လေးကို ဖွင့်​ကာ  Teacher Room ကို ၀င်​လိုက်​တာနဲ့ မျက်​မှန်​ကြီး တပ်​ကာ စာအုပ်​​တွေနဲ အလုပ်​ ရှုပ်​​နေတဲ့ သူ

Kyung Soo သူ လွယ်​အိတ်​ကို ဘုတ်​ခနဲ့ ပစ်​ချ လိုက်​​ပေမယ့်​ သူက ​မော့မကြည့်​​သေး

သူ ​နောက်​ဆုံး စိတ်​မရှည်​ တာနဲ့ဘဲ Teacher Jong ကြည့်​​နေတဲ့ စာအုပ်​ ကို ဆွဲပိတ်​ကာ မျက်​မှန်​ ကို သူကိုယ်​တိုင်​ ဆွဲချွတ်​ပစ်​လိုက်​သည်​ ..သူ့ လုပ်​ရပ်​​ကြောင့်​ အံ့သြ သလို ကြည့်​​နေတဲ့ သူ့ ကို Kyung Soo မျက်​​စောင်း ပိတ်​ထိုးရင်း

Cheer Up!Teacher JongWhere stories live. Discover now