Part 19

4.6K 562 46
                                    

Cheer Up ! Teacher Jong

* လွှတ် လက်ကို လွှတ် *

Jongin သူ Kyung Soo ရဲ့ လက်ကို အတင်း ဆွဲထားတာကြောင့် ကလေးက သူကို ရုန်းနေသည် အခု သူတို့ ၂ယောက် ရပ်နေကြတာကလည်း စာသင်ခန်း ရှေ့က ဘောလုံးကွင်း နားမှာမို့ Kyung Soo လို Idols တချို့က သူတို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်

Jongin ကတော့ ဆွဲထားတဲ့ လက်ကို မလွှတ်ပေးဘဲ Kyung Soo ကိုယ်လေး ကိုပါ သူ့ရင်ခွင်ထဲရောက်အောင် ဆွဲသွင်း ပစ်လိုက်သည်

သူ့ကို ထုရိုက်ကာ လွှတ်ပေး ဆိုပြီး အော်နေတဲ့ လက်သီးစုပ်သေးသေး လေးတွေကို သူ မမှု့နိုင် သူ နှလုံးသား ထဲက အော်နေတဲ့ Kyung Soo !! Kyung Soo ဆိုတဲ့ အသံကိုဘဲ သူကြားနေတယ် မဟုတ်လား

~~~~~~~~×××××××~~~~~~~~

Kyung Soo ကတော့ အတင်း ဆွဲဖက်ခံထား ရတာကြောင့် ရုန်းထွက်နေမိသည် သူ နာကျင် စရာတွေ အလွမ်းဒဏ်တွေကို ထပ်မံမခံစားနိုင်တော့ပါ သူ သူ့ဘဝသူ ရပ်တည်ပြီး အချစ်ဆိုတဲ့ အရာ ကိုလည်း ကြောက်သွားခဲ့ပြီမို့

~အာ့

နောက်ဆုံးတော့ Kyung Soo သူစီးထားတဲ့ ရှူးနဲ့ Teacher Jong ခြေထောက်ကို တက်နင်းပစ်လိုက်သည် အနင်းခံလိုက် ရတာကြောင့် လူက ယိုင်သွားတဲ့ အချိန် သူ အခွင့်ကောင်းယူကာ တွန်းထုတ်ပြီး ကျောင်းထဲက ထွက်လာခဲ့သည်

~ Aishhi ဒီနေ့မှ ဖုန်းက ပါမလာဘူး ဒီလိုနဲ လမ်းထိပ်ရောက်လာရင် Fans တွေတွေ့သွားရင် ငါတော့ ပြသနာဘဲ

Kyung Soo ခပ်တိုးတိုး ရွတ်ရင်း ဖြေးဖြေး ချင်းလျောက်နေမိသည်

ဟိုလူကြီး ကလည်း ဘယ်လိုလုပ် သူ့ဆရာ ဖြစ်နေရတာလဲ!!! တကယ်ဘဲ!! မုန်းပါတယ် ဆိုနေကာမှ

Kyung Soo ပွစိစိ ပြောရင်း လျောက်နေတုန်း

~ ဟိုကလေး ဒီက ကိုယ့်ရဲ့ Taxi ကို ငှားမလားသွားလိုရာကို ကိုယ်က စိတ်တိုင်း ကျ ပို့ပေးမှာပါ

ကားပေါ်ကနေ ပြောင်စပ်စပ် ကလေး အထာ နဲ့ လာရော နေတဲ့ Teacher Jong ကို Kyung Soo မျက်စောင်း ပိတ်ထိုးရင်း

~ စိတ်မဝင်စားဘူး ကိုယ့်လမ်း ကိုယ်ကြွ

~ အော် ကိုယ်က စေတနာနဲ့ ပြောတာပါ ကလေးက Idol ဆိုတော့ လမ်းထိပ်ရောက်လို့ Fans တွေတွေ့သွာရင် အဆွဲခံရမှာမို့ပါ ကလေးက သေးသေးလေး မလား

Cheer Up!Teacher JongWhere stories live. Discover now