******Part 13******

5.1K 540 15
                                    

Cheer Up ! Teacher Jong

နမ်း​နေတာ ကို မရပ်​ကြ​သေးဘဲ Jongin လက်​​တွေက Kyung Soo ခါး​လေး ကို ခပ်​တင်းတင်း စုပ်​ကိုင်​ရင်း အနမ်း​တွေ တဖြည်းဖြည်း ပိုမို နက်​ရှိုင်း လာသည်

နှစ်​​ယောက်​သား အနမ်း​တွေ​ပေးတာ ကြာ​တော့မှ လူချင်း ခွာလိုက်​ကြရင်း

~ Appa နဲ့ အဆင်​ မ​ပြေဘူး အဲဒါ​ကြောင့်​ အိမ်​​ပေါ် က​နေ ဆင်းလာတာ

Kyung Soo ရဲ့ မျက်​နှာ​လေး ​အောက်​ငုံ့ ကာ ​ပြောလိုက်​တဲ့ အ​ပြောကြောင့်​ Jongin သူ Kyung Soo ကိုယ်​​လေး ကို သူ့ရင်​ခွင်​ထဲ ဆွဲသွင်းလိုက်​သည်

ဘယ်​လို ကံမျိုးပါလိမ့်​ Kyung Soo ရယ်​ အ​ဖေ  ရှိရဲ့ သားနဲ့ ​နွေး​ထွေးမှု့ကို မရရှာတဲ့  သူ့ က​လေး​လေး

~~~~~~~~××××××~~~~~~

Teacher Jong ​ရောက်​လာတာနဲ့ ပစ္စည်း​တွေ ​နေရာ ချမယ်​ ဆိုတဲ့ Kyung Soo အလုပ်​ပျက်​သွား​လေသည်​...သူက ​ကျောင်းမသွားဘူး ဆိုပြီး ဂျီကျ​တော့ ​နောက်​ဆုံး အ​လျော့​ပေးရတဲ့ သူက Teacher Jong ပင်​....​နောက်​ဆုံး​တော့ Teacher Jong လည်း ​နေ့ခင်းမှ အတန်းရှိတာ ဆို​တော့ Kyung Soo အ​ဖော်​ ရ​အောင်​ ဆိုပြီး အိမ်​မှာ ​နေ​ပေးဖို့ ဆုံး ဖြတ်​လိုက်​​လေသည်

~ အဲ့ Pororo ​လေး​တွေက တကယ်​ Kyungie နဲ့ တူတယ်​ သိလား

အိမ်​​ရှေ့ ခန်းက ဆိုဖာ ​ပေါ်မှာ ထိုင်​​နေတဲ့ Jongin ဆီက ထွက်​လာတဲ့ အသံ..Kyung Soo က​တော့ သူ့​ခေါင်းကို Jongin ​ပေါင်​​ပေါ်မှာ တင်​ကာ အိပ်​ရင်း နဲ့ TV ကြည့်​​နေတယ်​​လေ Jongin ရဲ့ လက်​နှစ်​ဖက်​ကလည်း Kyung Soo လက်​​သေး​သေး ​လေး​တွေက်ု စုပ်​ကိုင်​ရင်း စလိုက်​​တော့

အလို အ​လျောက်​ Kyung Soo နှုတ်​ခမ်း​လေးက Auto ဆူလာပြီး

~ ခင်​ဗျားလည်း ၀က်​၀ံကြီး နဲ့ တူတာဘဲ ၀က်​၀ံ ညိုညိုကြီး

Kyung Soo ရဲ့ ပြုံးစိစိ နဲ့ ပြန်​စတဲ့ စကား က Jongin အတွက်​​တော့ ရယ်​ဖို့ ​ကောင်းတာ အမှန်​ပင်

~ ကိုယ့်​ကို ၀က်​၀ံ နဲ့ တူတယ်​ ဟုတ်​လား ပြီး​တော့ အကြီး ကို ခင်​ဗျား လို့ ဘဲ​ခေါ်​နေမှာလား အဲ့လို ဆိုရင်​​တော့ ဒီနှုတ်​ခမ်း​တွေကို အပြစ်​ကြီးကြီး ​ပေးရ​တောာမယ်​ ထင်​တယ်

Cheer Up!Teacher JongWhere stories live. Discover now