*****Part 17******

4.6K 568 44
                                    

Cheer Up !! Teacher Jong

Kyung Soo သူ့ မျက်​နှာ​ပေါ်မှာ ကျ​နေတဲ့ မျက်​ရည်​ စ​တွေ​တောင်​ မသုတ်​ဘဲ ​နောက်​လှည့်​ မကြည့်​ စတမ်း အဲ့​နေရာ က​နေ ထွက်​လာခဲ့သည်

နောက်​ဆုံး​တော့လည်း သူ့ အတွက်​ ဘယ်​သူ့ ဆီမှာမှ အချစ်​ဆို တာ မရှိခဲ့ဘူးဘဲ !! ချစ်​တယ်​ တဖွဖွ ​ပြောခဲ့ကြပြီး ​နောက်​ဆုံး​တော့လည်း သူ့ကို ထားကာ ထွက်​သွား ကြတာဘဲ!! ဒီ​နေ့ ကစပြီး သူလည်း ဘယ်​သူ့ အ​ပေါ်မှာမှ အချစ်​ ဆိုတဲ့ အရာ ​ပေါ်​ပေါက်​ မလာ​အောင်​ ​နေ​တော့မည်​...

ကိုယ့်​ချစ်​သူ တစ်​​ယောက်​လုံးရဲ့ ​မွေး​နေ့ ကို​တောင်​ မလာဘဲ ဒီမှာလာပြီး အကြည်​စိုက်​​နေတာ မြင်​လိုက်​ရတာ သူ့မှာ ရင်​​တွေ နာလှသည်

Kyung Soo သူ အိမ်​ပြန်​​ရောက်​ရောက်​ချင်း သူ့ ပစ္စည်း​တွေ အကုန်​​ကောက်​သိမ်းလိုက်​သည်​ နဂိုထဲက အိ​မ်​မှာ ​ထွေ​ထွေ ထူးထူး ယူစရာ မရှိတာမို့ လိုအပ်​တာ​တွေ​လောက်​ဘဲ ထည့်​ပြီး တံခါး ပိတ်​ကာ ထွက်​လာခဲ့သည်

သူ ဒီမှာ မ​နေ​တော့ဘဲ ​ခြေရာ ​ဖျောက်​ကာ သူ့ဘဝ အသစ်​ တစ်​ခု ကို စတင်​​တော့မည်​...ဘယ်​သူ နဲ့မှ မပတ်​သတ်​​တော့ဘဲ တစ်​​ယောက်​တည်း သူဝါသနာ ပါရာ ​တွေနဲ့ ရှင်​သန်​​တော့မည်

~~~~~~××××~~~~~~

Jongin မှာ သူ Charain တို့နဲ့ ထမင်းသာ စား​နေရတာ သူလုံးဝ စိတ်​က မပါ..အခုက တဖြည်းဖြည်း နဲ့ မိုးချုပ်​ လာပြီ ဆို​တော့ အပြင်​ကို ထွက်​နိုင်​ဖို့ အခွင့်​ အ​ရေး က ပိုပို နည်းလာပြီ

အဲဒါ​တွေထက်​ ပိုဆိုးတာက သူ့ရဲ့ Kyungie ​လေး Kyungie ​လေးသူ့ကို များ စိတ်​ဆိုး ​နေပြီလား ဆိုပြီး ​တွေးကာ သူ့ရင်​ထဲမှာ ဗ​လောင်​ဆူ ​နေသည်​ ........

~~~~~~~~××××××~~~~~~~~

Jongin အတွက်​​တော့ ဒီ​နေ့ဟာ လုံးဝကို အဆိုးရွားဆုံး ​နေ့တစ်​​နေ့ ဖြစ်​လာခဲ့သည်​ ညကျရင်​ အိမ်​က ခိုးထွက်​မယ်​ ဆိုပြီး ကြိုတင်​ကာ စဉ်းစား ခဲ့​ပေမယ့်​ ရုတ်​တရက်​ကြီး သူ့ အ​မေ ​သွေးတိုးကာ မူးလဲ ကျသွားတာ​ကြောင့်​ သူ ညသန်း​ခေါင်​မှာ​တောင်​ အပြင်​ မထွက်​နိုင်​​တော့

Cheer Up!Teacher JongWhere stories live. Discover now