*****Part 7 ******

5.5K 614 26
                                    

Cheer Up : Teacher Jong

Jongin က​​တော့ ​နောက်​​ကနေ

~ Kyung Soo ညကျ စာသင်​ ရမယ်​​နော်​ ကြားလား

ဒီတစ်​ခါ လည်း Jongin ကသာ ​နောက်​က​နေ ​အော်​​ပြောလိုက်​​ပေမယ့်​ Kyung Soo က​တော့ Jongin စကား မှ ဘာမှ အ​ဖြေ ပြန်​မ​ပေသွား Jongin မှာ​တော့ မသိရင်​ သူက ဘဲ Kyung Soo ဆီက​နေ စာသင်​ရမှာလိုလို ပုံစံမျိုး ဖြစ်​​နေတယ်​​လေ  အဲ့က​လေး က သူ့ကို ဆို အ​ရေး မလုပ်​ ပြန်​လည်း စကား မ​ပြော သူ ဆယ်​ခွန်း​လောက်​ ​ပြောကာ မှ Kyung Soo ဆီက တစ်​ခွန်း​လောက်​ ပြန်​ကြားရတာ သူ ကများ  အလိုလိုက်​​နေလို့ က​လေးက သူ့ကို မ​ပေါက်​တာ များလား သူလည်း ​နောက်​ကျ ခပ်​တည်​တည်​ ​နေဉီးမှပါ

¥¥¥¥¥¥¥

ည​နေ ​ကျောင်းဆင်းချိန်​​ရောက်​​တော့ Jongin  တစ်​​ယောက်​ သူ့ အိတ်​​လေးကို ယူပြီး ​ကျောင်းထဲက ထွက်​လာတုန်း တစ်​​နေရာ ​ရောက်​​တော့ သူ့အကြည့်​တွေ ရပ်​တန့်​သွားရသည်​...မျက်​​မှောင်​ကြုံ့ကာ သူ ရပ်​ကြည့်​​နေမိတာက သူ့ရဲ့ Kyung Soo ပုခုံး​ပေါ်မှာ ​ရောက်​​နေတဲ့ ပိုင်​စိုး ပိုင်​နင်း လက်​တစ်​စုံ ..ဟို တစ်​​ယောက်​ကလည်း ဒါမျိုး ကျ​တော့ ငြိမ်​ခံ​နေပြီး ဘာ​တွေ အဲ့​လောက်​ သ​ဘော ကျ​နေမှန်း မသိ နှစ်​​ယောက်​သား ပြုံးပြုံး ပြုံးပြုံး နဲ့ ​ကျောင်းထဲက ​နေ ထွက်​သွားတာ သူမြင်​ရ​တော့ အူတို မိတာ အမှန်

Jongin ​ကျောင်းဆင်းပြီးလို့ အိမ်​ပြန်​​ရောက်​ပြီး ​ရေချိုးပြီးတဲ့ အထိ Kyung Soo က ​ပေါ်မလာ​သေး သူ က​လေး အတွက်​ ရင်​​တွေ ​လေးပြီး စိတ်​​တွေ ပူ​နေတာ ခုံ​ပေါ်က ဖုန်း​လေးကို မမှိတ်​မသုန်​ စိုက်​ကြည့်​​နေမိသည်​ သူ ဖုန်းဆက်​ပြီး လာခဲ့ဖို့ ​ခေါ်လိုက်​ရင်း ​ကောင်းမလား ဆိုပြီး ​တွေး​နေတုန်း

မထင်​မှတ်​ဘဲ သူ​မျှော်​​နေတဲ့ ဖုန်း​လေး ၀င်​လာ​တော့ ကျသွားမှာ ဆိုးသည်​ အလား အမြန်​ဖွင့်​ကာ နား​ထောင်​ လိုက်​သည်

" Teacher Jong ....ကျွန်​​တော်​ မလာ​တော့ဘူး ဒီ​နေ့ " 

ဘာလို့လည်း ဆိုတာ​တောင်​ သူ မ​မေးရ​သေးခင်​ ဖုန်းက ချသွားပြီ Aishhi လူပု သ​လောက်​ စိတ်​မြန်​လက်​မြန်​ ရှိလိုက်​တာ.....Jongin သူ ဖုန်း ကို ခုတင်​​ပေါ်ပစ်​တင်​ ​ပေးပြီး မှ ဖုန်းကို ပြန်​​ကောက်​ပြီး  ခုနက ဖုန်းကို ပြန်​​ခေါ်လိုက်​ပြီး

Cheer Up!Teacher JongWhere stories live. Discover now