Modification(Part...2)

23.9K 1.9K 25
                                    

[Zawgyi]

ဘယ်​လို...ထွက်​မ​ပြေးဘူးလား???ဟုတ်​လား???
Hkhk...​မေးရက်​လိုက်​တာ...။ထွက်​​ပြေးတာ​ပေါ့
ဗျ...။ခဏခဏထွက်​​ပြေးတယ်​။ထွက်​​ပြေးတိုင်းလဲအမိခံရတယ်​...ဖမ်းမိတိုင်းလည်း ​သေမတတ်
နှိပ်​စက်​တယ်​...။

ကြာ​တော့...ကျွန်​​တော်​ထွက်​​ပြေးရမှာ
ကြောက်​လာတယ်​...။ကြောက်လာတာထက်...
Black Dragon အဖွဲ့ထဲမှာနေရတာကို
မွေ့ပျော်လာတာလို့ ဆိုလဲရတယ်...။

မရှက်တမ်းဝန်ခံရမယ်ဆိုရင်...ကျွန်တော်သာယာနေမိတာက အရင်တုန်းက ကျွန်တော့်ကိုနှိမ့်ချခဲ့
တယ့်သူတွေက..အခုဆိုရင် Black Dragon
အဖွဲ့အရှိန်အဝါနဲ့ ကျွန်တော့်ရှေ့မှာ ပြားပြားဝပ်
နေကြတာကိုပါပဲ...။

သံယောဇဉ်အနှောင်အတွယ်မရှိတဲ့ ကျွန်တော်...
Black Dragonကိုသံယောဇဉ်ဖြစ်လာတယ်။
အဖွဲ့သားတွေနဲ့လဲ ညီအစ်ကိုတွေလို ရင်းနှီးလာ
တယ်...အဲ...အမြင်မကြည်နေတဲ့သူတွေတော့
ရှိသေးတာပေါ့လေ...။

ပြီးတော့...Kris Wu ... ကျွန်တော်တို့ခေါင်းဆောင်ကြီး အရမ်းသဘောကောင်းလွန်းပါတယ်...။

ဒီအဖွဲ့ထဲနေရင်းနေရင်းနဲ့မှ ဒီအဖွဲ့စိတ်ဓာတ်လေးတွေ သိလာရတာ။
ရန်လာမစရင်တော့...Black Dragonဆိုတာ
ယုန်ကလေးတစ်ကောင်လိုပါပဲ...။
ဒါပေမယ့် လာဖျံကျလို့ကတော့...
အင်း...အဲ့အချိန်ဆိုရင်တော့ နဂါးတစ်ကောင်လို
တစ်ကယ်ရက်စက်တော့တာပါ...ညှာတာမှုမရှိ၊
ကင်းလွတ်ခွင့်မရှိ...။

အဲ...တစ်ခုပြောရဦးမယ်ဗျ...
Baekhyun...ကျွန်တော်တို့အခေါ်...Hell ငရဲ
တဲ့...။ခေါင်းဆောင်ကို Heaven...
ဒုခေါင်းဆောင်ကို Hell...
ဆိုလိုတာက...
နတ်ပြည်ရော ငရဲအထိပါ...
Black Dragon ကြီးစိုးနေတယ်ပေါ့ဗျာ...။

ခေါင်းဆောင် ရယ်တာကိုမှ တစ်ခါတလေမြင်ရ
သေးတယ်။
အဲ့ဒီ Hellကိုတော့...
ရယ်တာမပြောနဲ့...ပြုံးတာကိုတောင်အခုချိန်ထိ
မတွေ့ဘူးသေးဘူး။
ဘာတွေအလိုမကျနေသလဲတော့မသိပါဘူးဗျာ။
သူ...ကျွန်တော့်ကိုကြည့်လိုက်တိုင်း...
ကျွန်တော့်ကျောရိုးထဲကကို စိမ့်အေးလာတာ။
အဲ့မျက်ဝန်း..အဲ့မျက်ဝန်းတွေရဲ့အကြည့်စူးတွေက...
ပုံဖော်ရ တအားခက်တာကော။
အဓိပ္ပါယ်တွေလဲ အများကြီးပျော်ဝင်နေသလိုပဲ။
ကွန်ပျူတာပိုင်းပဲနားလည်တဲ့ကျွန်တော့်အတွက်
ကတော့...
အဲ့အကြည့်တွေကို ပုံရိပ်မဖော်တတ်တာ
ညံ့ရာမကျပါဘူးနော်...။

Modification(Completed)Where stories live. Discover now